Samsung ဟာ Galaxy S22 စီးရီးတွေကို ကင်မရာပိုင်းဆိုင်ရာမှာ အဆင့်မြှင့်တင်မှုတွေပြုလုပ်ပေးပြီး ရောင်းချခဲ့ပါတယ်။ အခုအချိန်မှာတော့ S22 စီးရီးမှာ ထောက်ပံ့ပေးထားတဲ့ လုပ်ဆောင်ချက်အချို့ကို Galaxy S, Note နဲ့ Z Flip တွေဆီ ပို့ဆောင်ပေးတော့မှာ ဖြစ်ပါတယ်။ ဒီအတွက် Updates တွေကို မကြာခင်မှာပဲ ထုတ်လွှတ်ပေးတော့မယ်လို့ တောင်ကိုရီးယားဖိုရမ်တွေမှာ ဖော်ပြနေကြပါပြီ။

ကင်မရာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုကို ရရှိသွားမယ်ဆိုပေမဲ့ Device တွေဟာ တစ်ခုနဲ့တစ်ခု ရရှိမှုတူညီကြမှာ မဟုတ်ပါဘူး။ Improved nighttime portrait ကို Galaxy S20 series, Galaxy S21 series, Galaxy Note20 series, Z Fold 2 နဲ့ Z Fold3 တို့မှာ တွေ့မြင်ရပါလိမ့်မယ်။ S22 ရဲ့ “Nightography” လုပ်ဆောင်ချက်ဟာ ညပိုင်းဓာတ်ပုံရိုက်ဖို့အတွက် Portrait mode မှာ Telephoto camera ကို အသုံးပြုခွင့်ပေးတာ ဖြစ်ပါတယ်။

Improved/added auto-farming function ကတော့ Galaxy S21 စီးရီးနဲ့ S21 FE, Z Flip 4G/5G, Z Fold2, Z Fold3 တို့မှာ တွေ့မြင်ရမှာပါ။ ဒီ လုပ်ဆောင်ချက်က zoom အချုံ့အချဲ့ အတွက်ဖြစ်ပါတယ်။ ၅ မီတာအကွာအဝေးမှာ လူ ၁၀ ယောက်အထိ Frame ထဲဝင်နေအောင် ချိန်ညှိနိုင်ပါတယ်။ ဒါကို Foldable မှာ ရရှိနေပြီဖြစ်ပေမဲ့ Samsung က စွမ်းဆောင်ရည်ပိုကောင်းအောင် ချိန်ညှိထားတယ်လို့ သိရပါတယ်။ S21 မော်ဒယ်တွေအတွက်တော့ Feature သစ်တွေပါပဲ။

Improved effects for video calls ကို Galaxy S20 series, S20 FE, Galaxy Note 20 series, Galaxy S21 series, S21 FE, Z Flip 4G/5G, Z Flip3, Z Fold2 နဲ့ Z Fold3 တို့မှာ ရရှိလာမှာပါ။ Galaxy S10 series, S10 Lite, Galaxy Note 10 series, Note 10 Lite တွေအတွက် ပံ့ပိုးမှုတွေကိုလည်း ၂၀၂၂ ပထမနှစ်ဝက်အတွင်း ရရှိလာမယ်လို့ သိရပါတယ်။ ဒီ လုပ်ဆောင်ချက်က Third-party app တွေနဲ့ အလုပ်လုပ်ပြီး နောက်ခံအစားထိုးတာနဲ့ Mic ထိန်းချုပ်မှုတွေကို ပေါင်းထည့်ထားပါတယ်။ ပံ့ပိုးပေးထားတဲ့ Apps တွေကတော့ Duo, Google Meet, Knox Meeting, Messenger (Meta), Microsoft Teams, WhatsApp, Zoom, BlueJeans, Webex Meetings, နဲ့ KakaoTalk တို့ပဲ ဖြစ်ကြပါတယ်။

Auto-farming effects for video call ကို Galaxy S21 series, S21 fE, Z Flip 4G/5G, Z Fold2, Z Fold3 တို့မှာ ရရှိမှာပါ။ အခုဖော်ပြထားတဲ့ဖုန်းတွေဟာ Video calls အတွင်းမှာ Auto-framing feature ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Improve camera quality for third-party apps ကို Samsung Galaxy S21 series, S21 FE, Z Flip3 နဲ့ Z Fold3 တို့မှာ ရရှိလာမှာ ဖြစ်ပါတယ်။

Ref: GSM Arena