Samsung Electronics America ရဲ့ CEO ဖြစ်တဲ့ YH Eom ကနေ အခုအချိန်မှာ လက်ရှိ US မှာရှိသမျှ Samsung Store တွေအကုန်လုံးကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ ဒါက လက်ရှိဖြစ်ပွားလျက်ရှိတဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့်လည်းဖြစ်ပါတယ်။
အလားတူ Samsung Canada ရုံးချုပ်ကလည်း ဆုံးဖြတ်ချက်ချခဲ့ပြီးတော့ Canada မှာရှိတဲ့ Samsung Store တွေကိုလည်း ချက်ချင်းပိတ်သိမ်းလိုက်ပါပြီ။ ဒီလိုမျိုး Store တွေကို ပိတ်သိမ်းလိုက်ပေမယ့် ဘယ်အချိန်မှာ ပြန်ပြီးဖွင့်လှစ်မလဲဆိုတာကိုလည်း ဖော်ပြခဲ့ခြင်းမရှိပါဘူး။
Samsung ရဲ့ အခုကြေညာချက်ဟာ Apple နဲ့ Microsoft Store တွေပိတ်သိမ်းအပြီးမှာထုတ်ပြန်ခဲ့တာဖြစ်ပြီး အဆိုပါကုမ္ပဏီတွေနဲ့ မတူညီတဲ့အချက်က လောလောဆယ်မှာတော့ US နဲ့ Canada မှာရှိတဲ့ Store တွေကိုပဲ ပိတ်သိမ်းထားတာဖြစ်ပါတယ်။
လောလောဆယ်မှာတော့ Samsung ရဲ့ တခြားသော ဆက်လက်ဖွင့်လှစ်နေသေးတဲ့ Store တွေမှာ စမတ်ဖုန်းတွေကို အခမဲ့ဆေးကြောပေးတဲ့ဝန်ဆောင်မှုကိုပေးနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အခုပုံစံအတိုင်းဆိုရင်တော့ တခြားနိုင်ငံတွေမှာရှိတဲ့ Samsung Store တွေကိုပါ ပိတ်သိမ်းနိုင်ခြေမြင့်မားနေပါတယ်။
Ref – Android Central