[Unicode]

Samsung က စွမ်းဆောင်ရည်မြင့် Galaxy S9 Series တွေကို လွန်ခဲ့တဲ့ ၂ နှစ်နီးပါးက ကြေညာခဲ့တာဖြစ်ပြီး Android 8 Oreo နဲ့ Samsung Experience 9.0 ထည့်သွင်း ရောင်းချခဲ့တာပါ။ နောက်ပိုင်းမှာ Android 9 Pie အခြေပြု One UI အသစ် ထည့်သွင်းပေးခဲ့ပြီး အခုတော့ နောက်ဆုံးထုတ် Stable Android 10 အခြေပြု One UI 2.0 ဖြန့်ချိပေးလိုက်ပါပြီ။

လက်ရှိမှာ အဲဒီ Update ကို ဂျာမနီ၊ နယ်သာလန်နဲ့ အမေရိကန်က Android 9 Pie ထည့်သွင်းထားတဲ့ Galaxy S9 Series တွေအတွက် ဖြန့်ချိပေးလိုက်ပါပြီ။ One UI 2.0 Beta ထည့်သွင်းထားတဲ့ မော်ဒယ်တွေမှာ Stable Update ကို မရသေးပေမယ့် လာမယ့် ရက်ပိုင်းအတွင်းမှာ ရတော့မယ်လို့ ထင်ပါတယ်။

Firmware Update အသစ်ရဲ့ ဖိုင်အရွယ်အစားဟာ 1.8GB ကနေ 2GB ကြားမှာ ရှိပြီး ဇန်နဝါရီလအတွက် Security Patch လည်း ပါပါတယ်။ ပိုကောင်းလာတဲ့ System-wide Dark Mode ထည့်သွင်းထားပြီး Full-screen Gestures တွေ ပါလာပါတယ်။ Screen Recorder ပါလာပြီး Notification Control က ပိုမိုက်လာပါတယ်။ Privacy လည်း ပိုကောင်းလာပြီး လာမယ့် ရက်သတ္တပတ်တွေအတွင်းမှာ တခြား နိုင်ငံတွေအတွက် ဖြန့်ချိနိုင်ပါတယ်။

Ref : gsmarena

[Zawgyi]

Samsung က Galaxy S9 Series အတြက္ Stable Android 10 ျဖန႔္ခ်ိ

Samsung က စြမ္းေဆာင္ရည္ျမင့္ Galaxy S9 Series ေတြကို လြန္ခဲ့တဲ့ ၂ ႏွစ္နီးပါးက ေၾကညာခဲ့တာျဖစ္ၿပီး Android 8 Oreo နဲ႔ Samsung Experience 9.0 ထည့္သြင္း ေရာင္းခ်ခဲ့တာပါ။ ေနာက္ပိုင္းမွာ Android 9 Pie အေျချပဳ One UI အသစ္ ထည့္သြင္းေပးခဲ့ၿပီး အခုေတာ့ ေနာက္ဆုံးထုတ္ Stable Android 10 အေျချပဳ One UI 2.0 ျဖန႔္ခ်ိေပးလိုက္ပါၿပီ။

လက္ရွိမွာ အဲဒီ Update ကို ဂ်ာမနီ၊ နယ္သာလန္နဲ႔ အေမရိကန္က Android 9 Pie ထည့္သြင္းထားတဲ့ Galaxy S9 Series ေတြအတြက္ ျဖန႔္ခ်ိေပးလိုက္ပါၿပီ။ One UI 2.0 Beta ထည့္သြင္းထားတဲ့ ေမာ္ဒယ္ေတြမွာ Stable Update ကို မရေသးေပမယ့္ လာမယ့္ ရက္ပိုင္းအတြင္းမွာ ရေတာ့မယ္လို႔ ထင္ပါတယ္။

Firmware Update အသစ္ရဲ႕ ဖိုင္အ႐ြယ္အစားဟာ 1.8GB ကေန 2GB ၾကားမွာ ရွိၿပီး ဇန္နဝါရီလအတြက္ Security Patch လည္း ပါပါတယ္။ ပိုေကာင္းလာတဲ့ System-wide Dark Mode ထည့္သြင္းထားၿပီး Full-screen Gestures ေတြ ပါလာပါတယ္။ Screen Recorder ပါလာၿပီး Notification Control က ပိုမိုက္လာပါတယ္။ Privacy လည္း ပိုေကာင္းလာၿပီး လာမယ့္ ရက္သတၱပတ္ေတြအတြင္းမွာ တျခား ႏိုင္ငံေတြအတြက္ ျဖန႔္ခ်ိႏိုင္ပါတယ္။

Ref : gsmarena