Samsung ဟာ လာမယ့်သြဂုတ်လဝန်းကျင်မှာ Galaxy Fold 2 စမတ်ဖုန်းအသစ်ကို မိတ်ဆက်သွားတော့မှာပါ။ ပြီးခဲ့တဲ့နှစ်တုန်းက Galaxy Fold တုန်းကတော့ Display ပိုင်းမှာ ပြဿနာတွေကြုံတွေ့ခဲ့ရပေမယ့်လည်း ယခုနှစ် Galaxy Fold 2 မှာတော့ Ultra-Thin Glass Display ၊ Camera ပိုင်း အဆင့်မြှင့်တင်လာမှာဖြစ်ပါတယ်။

အခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရ Samsung ကနေ Galaxy Fold 2 စမတ်ဖုန်းအပြင် နောက်ထပ်စျေးပိုသက်သာတဲ့ Galaxy Fold ဖုန်းအသစ်ကိုပါ မိတ်ဆက်လာမှာဖြစ်တယ်လို့ သိရပါတယ်. အဆိုပါ Galaxy Fold စမတ်ဖုန်းကို Galaxy Fold e လို့ နာမည်ပေးထားတယ်လို့ XDA-Developer ကန Max Weinbach ကနေ ပြောကြားခဲ့ပါတယ်။ Galaxy Fold e ကိုတော့ စျေးနှုန်းအနေနဲ့ ဒေါ်လာ ၁,၁၀၀ ဝန်းကျင်ရောင်းချသွားမှာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Samsung ကနေ Galaxy Fold အမျိုးအစား ၃ မျိုးကို မိတ်ဆက်လာနိုင်ပြီးတော့ အဲ့ဒီထဲက ၂ မျိုးက Plastic Display နဲ့ ကျန်တဲ့ Galaxy Fold 2 မှာပဲ Ultra-Thin Glass ကို အသုံးပြုလာမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒေါ်လာ ၁,၁၀၀ တန် Galaxy Fold e အပြင် ဒေါ်လာ ၉၀၀ ဝန်းကျင်တန် Galaxy Fold Lite ကိုပါ မိတ်ဆက်လာနိုင်ပါတယ်။ အဆိုပါ Galaxy Fold Lite ဖုန်းမှာတော့ အရှေ့ဘက်မှာ Screen ပါဝင်မှာမဟုတ်ဘူးလို့ သိရပါတယ်။

အဆိုပါ စျေးပိုသက်သာတဲ့ Galaxy Fold စမတ်ဖုန်းတွေရဲ့ Codename ကိုတော့ Winner2 နဲ့ Champ လို့ နာမည်ပေးထားပြီးတော့ Samsung အနေနဲ့ ၂ ခုစလုံးမိတ်ဆက်လာမလား၊ တစ်မျိုးပဲ မိတ်ဆက်မလားဆိုတာကိုတော့ မသိရှိရသေးပါဘူး။ ဘာပဲပြောပြော ဒီနှစ်မှာတော့ ဒေါ်လာ ၁,၀၀၀ အောက် Foldable Phone တွေကို မြင်ရဖို့ကျိန်းသေသလောက်ဖြစ်နေပါပြီ။

Ref – Phone Arena