Samsung က အနာဂတ်မှာ AI ဖုန်းတွေကို ထုတ်လုပ်ရောင်းချဖို့ အာရုံစိုက်နေပါတယ်။ Samsung က Galaxy AI Feature တွေကို ဖုန်းတွေမှာ ထည့်သွင်းပေးထားပါတယ်။ ဒါပေမယ့် Samsung အနာဂတ်မှာ ထုတ်မယ့် AI ဖုန်းတွေကတော့ လက်ရှိဖုန်းတွေနဲ့ လုံးဝ တူညီမှာ မဟုတ်ပါဘူး။ အဲဒီသတင်းကို Samsung ရဲ့ Mobile Experience ဌာနရဲ့ ဥက္ကဋ္ဌ ဖြစ်သူ TM Roh က ပြောကြားလိုက်တာပါ။

Samsung is working on AI phones, which could be "radically different" from current phones - GSMArena.com news

Roh က Samsung ရဲ့ Mobile Experience ဌာနဟာ AI ဖုန်းတွေကို အာရုံစိုက် ဖန်တီးနေတယ်လို့ Australian Financial Review ကို ပြောပါတယ်။

Samsung plans different shape for AI phones, says mobile president TM Roh

သူက AI ဖုန်း ဒီဇိုင်းကို အသေးစိတ်မပြောပေမယ့် လက်ရှိဖုန်းတွေနဲ့ လုံးဝ မတူညီဘူးလို့ ပြောပါတယ်။ သူက AI ဖုန်းဟာ လက်ရှိဖုန်းတွေလိုမျိုး သယ်ဆောင်ရလွယ်ကူမယ်လို့ ပြောပါတယ်။ သူ ပြောချင်တာက AI ဖုန်းဟာ သေးငယ်မယ်လို့ မဆိုလိုပါဘူး။ အဲဒီဖုန်းတွေမှာ ပိုမို ကြီးမားတဲ့ Screen ပါလာနိုင်ပြီး ဆန်ဆာတွေ ပိုမို ထည့်သွင်းထားနိုင်ပါတယ်။

လက်ရှိမှာ စမတ်ဖုန်း ကုမ္ပဏီတွေဟာ သူတို့ရဲ့ ဖုန်းတွေမှာ AI Feature တွေကို အပြိုင်အဆိုင် ထည့်သွင်းပေးနေကြပါတယ်။ အနာဂတ်မှာလည်း AI ပြိုင်ပွဲဟာ ပိုမို ပြင်းထန်လာမှာ သေချာပါတယ်။

Ref : gsmarena