Samsung ဟာ မိခင်နိုင်ငံ တောင်ကိုရီးယားမှာ Galaxy Z Fold2 နဲ့ Galaxy Buds Live အတွက် သားရေ ကာဗာကို ရောင်းချပေးလိုက်ပါတယ်။ ဖုန်းတွေအတွက် သားရေ ကာဗာတွေက မဆန်းပေမယ့် ထူးခြားတဲ့ ဒီဇိုင်းကြောင့် Galaxy Z Fold2 အတွက် ကာဗာ များများစားစား မထွက်သေးပါဘူး။ အဲဒီအတွက် Galaxy Z Fold2 ရဲ့ သားရေကာဗာကို ကြိုဆိုရမှာ ဖြစ်ပြီး ဖုန်းရဲ့ အရောင် ၂ ရောင်နဲ့ လိုက်ဖက်တဲ့ သားရေ ကာဗာ ၂ ရောင်ကို ထုတ်လုပ်ပေးထားပါတယ်။

ထူးခြားတာက Samsung ဟာ True Wireless နားကြပ် ဖြစ်တဲ့ Galaxy Buds Live အတွက် သားရေ ကာဗာကိုပါ ရောင်းချပေးလိုက်တာ ဖြစ်ပါတယ်။ တကယ်တမ်းတော့ နားကြပ်အတွက် ကာဗာ မဟုတ်ဘဲ Charging Box အတွက် ကာဗာ ဖြစ်ပါတယ်။ Charging Box ရဲ့ ပလတ်စတစ် ဒီဇိုင်းကို ရိုးအီလာရင်တော့ အဲဒီ သားရေ ကာဗာလေးက အသစ်အဆန်း ဖြစ်စေမှာ သေချာပါတယ်။ အညိုနဲ့ အပြာ ၂ ရောင် ထုတ်လုပ်ပေးထားပါတယ်။

Galaxy Z Fold2 ရဲ့ သားရေ ကာဗာကို တောင်ကိုရီးယားမှာ ၉၉,၀၀၀ ဝမ် သတ်မှတ်ထားပြီး လက်ရှိ ငွေလဲလှယ်နှုန်းအရ  ၈၈ ဒေါ်လာလောက် ကျသင့်သလို မြန်မာငွေနဲ့ တွက်ရင် ၁ သိန်း ၁ သောင်းခွဲလောက် တန်ကြေးရှိပါတယ်။

Galaxy Buds Live ရဲ့ သားရေ ကာဗာကို ၂၂,၀၀၀ ဝမ် သတ်မှတ်ထားပြီး ၁၉ ဒေါ်လာလောက် ကျသင့်ပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၂ သောင်း ၄ ထောင်လောက် တန်ကြေးရှိပါတယ်။ Samsung က နိုင်ငံတကာမှာ ရောင်းချမယ့် သတင်းကို မပြောသေးပါဘူး။

Ref : gsmarena