Samsung ဟာ ယခုနှစ်မှာ ပုံမှန် Flagship ဖုန်းတွေဖြစ်တဲ့ Galaxy S21 Series ဖုန်းတွေကိုပဲ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လပိုင်းမှာတော့ Galaxy Note 21 အစား Foldable ဖုန်းတွေဖြစ်တဲ့ Galaxy Z Fold3 နဲ့ Z Flip3 ဖုန်းတွေကိုပဲ မိတ်ဆက်ခဲ့တာပါ။

အဲ့ဒီအတွက် Samsung ဟာ Galaxy Note Series ဖုန်းတွေကို လုံးဝရပ်ဆိုင်းလိုက်ပြီး Galaxy Z Fold Series နဲ့ အစားထိုးတော့မှာလားဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ တချို့သော Samsung Fan တွေဆိုရင် Galaxy S Series ဖုန်းအစား Galaxy Note Series ကိုပဲ ပြန်လည်ထုတ်ပေးဖို့ လက်မှတ်ထိုးတောင်းဆိုမှုတွေကိုပါ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ အဆိုပါ Samsung Fan တွေအတွက် ဝမ်းသာစရာသတင်းတစ်ခုက ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒါကတော့ Samsung ကနေ လာမယ့်နှစ်မှာ Galaxy Note Series ဖုန်းအသစ်ကို မိတ်ဆက်ဖို့ဆောင်ရွက်နေပြီဆိုပြီး သတင်းတွေထွက်ရှိလာတာကြောင့်ဖြစ်ပါတယ်။

Samsung ဟာ အစောပိုင်းထဲက Galaxy Note Series ကို လုံးဝရပ်ဆိုင်းလိုက်တယ်ဆိုပြီး ပြောကြားခဲ့ခြင်းမရှိသလို ယခု ၂၀၂၁ ခုနှစ်အတွင်းမှာ Galaxy Note Series ကို မမိတ်ဆက်ခဲ့တာကလည်း S Pen နဲ့ Compatible ဖြစ်တဲ့ Flagship ဖုန်းတွေအများအပြားထုတ်လုပ်ဖို့ အခက်အခဲရှိတာကြောင့်လို့ Samsung Executive တစ်ဦးက ပြောကြားခဲ့ပါတယ်။

ဖြစ်နိုင်ခြေများနေတာကတော့ Samsung ကနေ အသစ်မိတ်ဆက်လာမယ့် Galaxy Note Series ဖုန်းအသစ်ဟာ လာမယ့် ၂၀၂၂ ခုနှစ်အစောပိုင်းမှာ မိတ်ဆက်ဖို့ရှိနေတဲ့ Galaxy S22 Series ဖုန်းကိုတော့ အစားထိုးသွားမှာမဟုတ်ဘဲ ပုံမှန်အတိုင်း နှစ်လယ်ပိုင်းမှပဲ မိတ်ဆက်သွားဖွယ်ရှိနေပါတယ်။

Ref – Phone Arena