Samsung ကနေ မနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Galaxy Z Fold3 ဖုန်းဟာ Samsung ကနေ မိတ်ဆက်ခဲ့သမျှ Foldable ဖုန်းတွေထဲမှာ အအောင်မြင်ဆုံးလို့တောင် ပြောနိုင်ပါတယ်။ ဒါကလည်း Display ပိုင်းမှာ အဆင့်မြှင့်တင်မှုတွေအများအပြားပြုလုပ်ခဲ့တဲ့အပြင် S Pen ကိုလည်း ပထမဆုံးအနေနဲ့ Foldable ဖုန်းတွေမှာ ထောက်ပံ့ထားနိုင်တာကြောင့်ဖြစ်ပါတယ်။

အခုလည်း ယခုနှစ်မှာမိတ်ဆက်သွားဖို့ရှိနေတဲ့ Galaxy Z Fold4 ဖုန်းနဲ့ ပတ်သက်ပြီး သတင်းတွေထွက်ရှိလာပြီဖြစ်ပါတယ်။ ဒါကတော့ Samsung ကနေ Galaxy Z Fold4 ရဲ့ Ultra-thin Glass (UTG) Display ကို S Pen နဲ့တွဲဖက်အသုံးပြုဖို့အတွက် ပိုပြီး အကြမ်းခံနိုင်အောင် အဆင်မြှင့်တင်ထားမှာပဲဖြစ်ပါတယ်။

ဒါကြောင့် Samsung Galaxy Z Fold4 မှာ အသုံးပြုလာမယ့် UTG Glass ဟာ လုံးဝအသစ်ဖြစ်လာမှာဖြစ်ပြီး Samsung ကတော့ “Super UTG” ဆိုပြီး နာမည်ပေးထားတယ်လို့ သိရပါတယ်။ Samsung Galaxy Z Fold4 ဖုန်းဟာ မကြာသေးခင်တုန်းက မိတ်ဆက်ထားတဲ့ S22 Ultra ဖုန်းလိုမျိုးပဲ Built-in S Pen ပါဝင်လာမယ်လို့လည်း သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Galaxy Z Fold4 ဖုန်းဟာ လာမယ့် ၂၀၂၂ ခုနှစ် သြဂုတ်လဝန်းကျင်မှာ ပြုလုပ်ဖို့ရှိနေတဲ့ Galaxy Unpacked Event မှာ တရားဝင်မိတ်ဆက်သွားနိုင်ခြေများနေပါတယ်။ ဒါကြောင့် အခုသတင်းတွေအပြင် နောက်ထပ်သတင်းတွေလည်း မကြာခင်မှာ ထပ်မံပေါက်ကြားလာမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena