Samsung Myanmar သည် ၎င်း၏ ၂၀၂၂ ခုနှစ်အတွင်း လူကြိုက်အများဆုံးသော စမတ်ဖုန်း series တစ်ခုဖြစ်သည့် Galaxy A Series ၏ နောက်ထပ်ဖုန်းအမျိုးအစားသစ် Galaxy A03 Core စမတ်ဖုန်းအား မြန်မာနိုင်ငံတွင် ပြီးခဲ့တဲ့ လက စတင်မိတ်ဆက်ခဲ့သည်။ အဆိုပါ နောက်ဆုံးပေါ် Galaxy A03 Core စမတ်ဖုန်းများအား မြန်မာနိုင်ငံတစ်ဝှမ်းရှိ Samsung အရောင်းပြခန်းများနှင့် တရားဝင် အရောင်းကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူနိုင်ပြီဖြစ်သည်။

သုံးစွဲသူများ၏ နေ့စဉ်ဘဝတွင် အမှတ်တရဖြစ်ဖွယ်အခိုက်အတန့်များကို လက်မလွတ်တမ်း ဖမ်းယူရိုက်ကူးနိုင်စေရန်အတွက် Galaxy A03 Core ဖုန်း၏ ကျောဖက်နှင့် ရှေ့ဖက်များတွင် 8MP, f2.0 နှင့် 5MP, f2.2 ကင်မရာနှစ်လုံးအား အသီးသီးထည့်သွင်းပေးထားပြီး ၆.၅ လက်မ Infinity-V HD+ TFT မျက်နှာပြင်ပါရှိသည့်အတွက် သုံးစွဲသူများအနေနှင့် ကြီးမားကျယ်ပြန့်သော မြင်ကွင်းပြည့်ခံစားမှု အတွေ့အကြုံကိုလည်း ရရှိသွားနိုင်မည်ဖြစ်သည်။ OCTA-core processor ၏ ထောက်ပံ့မှုကြောင့် Galaxy A03 Core စမတ်ဖုန်းသည် လျင်မြန်ချောမွေ့သော စွမ်းဆောင်ရည်အား ပေးစွမ်းနိုင်မည် ဖြစ်သည့်အပြင် ဘက်ထရီစား သက်သာစေပြီး ပမာဏကြီးမားသော 5,000 mAh ဘက်ထရီလည်းပါရှိသည့်အတွက် တစ်ကြိမ်အားသွင်းထားရုံဖြင့် တစ်နေ့တာလုံး စိတ်ပူပန်မှုမရှိ သုံးစွဲနိုင်မည်ဖြစ်သည်။

ယခုကဲ့သို့ စွမ်းဆောင်ရည်မြင့်လုပ်ဆောင်ချက်များထည့်သွင်းထားသော Galaxy A03 Core စမတ်ဖုန်းအား Samsung မှ ထုတ်လုပ်သည့် စမတ်ဖုန်းများအနက် အသက်သာဆုံးသောဈေးနှုန်း ၂၁၅,၀၀၀ ကျပ်မျှဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး စွဲဆောင်မှုရှိသော အရောင် ၂ မျိုး – အပြာရောင်နှင့် အနက်ရောင်များဖြင့် ရရှိသွားနိုင်မည် ဖြစ်သည်။ Galaxy A03 Core အား ဦးဆုံး၀ယ်ယူအားပေးသူများအနေနှင့် Phone Cover နှင့် Ear Phone လက်ဆောင်များကိုလည်း ရရှိနိုင်မည်ဖြစ်သည်။ (ပစ္စည်းလက်ကျန်ရှိသည့်အထိသာ)

ထို့အပြင် Galaxy A03 Core စမတ်ဖုန်းများကို ဝယ်ယူအားပေးသူများအနေနှင့် No Worry Crack ဝန်ဆောင်မှုကိုလည်း ဝယ်ယူသည့်နေ့မှ ၆ လအတွင်း (၃၁ ဒီဇင်ဘာလ ၂၀၂၂ အထိ) ရရှိခံစားသွားနိုင်မည် ဖြစ်ပါသည်။ No Worry Crack ခံစားခွင့်အသေးစိတ်အား https://www.samsung.com/mm/ တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

Galaxy A03 Core ကို စတင်မိတ်ဆက်လိုက်သည်နှင့်စပ်လျဉ်း၍ Samsung Myanmar ၏ Head of Business Group ဖြစ်သူ ကိုဇာနည်ဝင်းထက်က “သုံးစွဲသူတွေကြားမှာ တစ်ဦးနဲ့တစ်ဦးမတူညီတဲ့ ဈေးနှုန်းတတ်နိုင်စွမ်းတွေရှိကြတာကြောင့် အားလုံးအတွက် အဆင်ပြေလွယ်ကူစေဖို့ သင့်တင့်တဲ့နှုန်းထား အမျိုးမျိုးနဲ့ စမတ်ဖုန်းအမျိုးအစားအများအပြားကို Samsung Myanmar က ထုတ်လုပ်ပေးနေပါတယ်။ အခု နောက်ဆုံး မိတ်ဆက်လိုက်တဲ့ Galaxy A03 Core စမတ်ဖုန်းဟာဆိုရင် သုံးစွဲသူတို့ရဲ့ နိစ္စဓူဝလှုပ်ရှားမှုတွေကို အကောင်းဆုံးအထောက်အကူဖြစ်စေနိုင်မယ့် လုပ်ဆောင်ချက်တွေပါဝင်တဲ့ တန်ဖိုးသင့် စမတ်ဖုန်းအမျိုးအစားပဲ ဖြစ်ပါတယ်။ ဈေးနှုန်းသက်သက်သာသာနဲ့ စွမ်းဆောင်ရည်ကောင်းတဲ့ စမတ်ဖုန်းအမျိုးအစားကို ရှာဖွေနေသူတွေ အတွက် ကျွန်တော်တို့ရဲ့ Galaxy A03 Core က အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်စေမယ်ဆိုတာကို ယုံကြည်ပါတယ်” ဟု မှတ်ချက်ပြုခဲ့သည်။

ထုတ်ကုန်အသေးစိတ်များကို https://www.samsung.com/mm/ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Press Release – Samsung