Samsung လို့ ဆိုလိုက်တာနဲ့ စမတ်ဖုန်းစျေးကွက်မှာ နေရာတစ်ခုရယူထားနိုင်တဲ့ Brand ဆိုတာကတော့ ပြောနေဖို့တောင် မလိုပါဘူး။ ဒါပေမယ့် ဒီလိုမျိုး စမတ်ဖုန်းတွေတင်မဟုတ်ဘဲ TV စျေးကွက်ကိုပါ Samsung ကနေ နံပါတ် (၁) နေရာမှာပဲ ဦးဆောင်ထားနိုင်တယ်ဆိုတာကိုတော့ သိတဲ့သူနည်းပါးပါတယ်။ Samsung ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် စတုတ္ထ ၄ လပတ်အထိ TV စျေးကွက်ရဲ့ ပထမနေရာမှာ ဆက်တိုက်ရပ်တည်နေနိုင်ပြီး ၁၅ နှစ်ဆက်တိုက် ပထမနေရာမှာ ဦးဆောင်ထားနိုင်တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဒီလိုမျိုး TV စျေးကွက်မှာပါ Samsung ဟာ ဘာကြောင့်ဒီလောက်ထိ အောင်မြင်မှုရရှိနေသလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပြီး အခု Article မှာတော့ အဆိုပါ အောင်မြင်မှုနောက်ကွယ်က Samsung ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

အမြဲတမ်း TV စျေးကွက်ကို Innovate ပြုလုပ်နိုင်ခြင်း

စမတ်ဖုန်းတွေလိုမျိုးပဲ TV စျေးကွက်ဟာလည်း အမြဲတမ်း တီထွင်ဆန်းသစ်မှုတွေ ပြုလုပ်နေတာဖြစ်ပြီး Innovation ပိုင်းမှာ အားနည်းတဲ့ Brand ဟာ စျေးကွက်မှာလည်း အောင်မြင်မှုရရှိဖို့က မလွယ်ကူပါဘူး။ Samsung အနေနဲ့ဆိုရင် ဒီလိုမျိုး တီထွင်ဆန်းသစ်မှုပိုင်းမှာ အမြဲတမ်းထိပ်ဆုံးကနေ ဦးဆောင်နေတာဖြစ်ပြီး နောက်ဆုံးသော နည်းပညာတွေကို စျေးကွက်ထဲကို အကောင်းဆုံးချပြနိုင်ခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်ကတည်းက ထူထဲတဲ့ CRT TV အစား ပါးလွှာတဲ့ LCD TV ကို ထုတ်ပြခဲ့သလို နောက်ပိုင်း LED TV ၊ 3D LED TV တွေအပြင် ၂၀၁၁ ခုနှစ်မှာ Smart TV စျေးကွက်ကို စတင်ဝင်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီမှာမှ အခုအချိန် ၁၀ နှစ်အတွင်းမှာ မျိုးစုံသော Curved TV ၊ 4K UHD TV တွေအပြင် လက်ရှိ TV စျေးကွက်ထဲမှာ အကောင်းဆုံးနည်းပညာတစ်ခုဖြစ်တဲ့ QLED TV တွေကိုလည်း မိတ်ဆက်ရောင်းချနိုင်နေပြီဖြစ်ပါတယ်။ Design ပိုင်းကိုကြည့်မယ်ဆိုရင်လည်း ယခင်တုန်းက ထူထဲတဲ့ CRT TV တွေကနေ အခုအချိန်မှာတော့ ဘေးဘောင်ကိုတောင် မမြင်ရတော့ဘဲ စမတ်ဖုန်းတစ်လုံးလောက်နီးပါး ပါးလွှာတဲ့ ပန်းချီကားတစ်ချပ်အတိုင်း Smart TV တွေကို ထုတ်လုပ်နေနိုင်ပါပြီ။

ဒါကြောင့် Samsung ရဲ့ TV ထုတ်လုပ်တဲ့သက်တမ်းကို ကြည့်မယ်ဆိုရင် ပျင်းစရာမကောင်းနေဘဲ ဆက်တိုက်ကို နည်းပညာအသစ်တွေနဲ့ ဝယ်ယူသူတွေကို အကောင်းဆုံး Experience ရရှိအောင် Innovate ပြုလုပ်နေနိုင်တာက အခုအောင်မြင်မှုနောက်ကွယ်က အကြီးမားဆုံး အကြောင်းပြချက်ဖြစ်ပါတယ်။

Customer ရဲ့ လိုအပ်ချက်ပေါ်မှုတည်ပြီး အမျိုးအစားပေါင်းစုံဝယ်ယူအသုံးပြုနိုင်ခြင်း

Samsung ရဲ့ လက်ရှိအချိန်မှာ အောင်မြင်မှုအရရှိဆုံး QLED TV တွေဟာ နည်းပညာပိုင်းအရ တခြားသော TV Brand တွေနဲ့ ယှဥ်ရင်တောင် အလွန်မြင့်မားနေတာဖြစ်ပါတယ်။ ဒါပေမယ့် စျေးကွက်မှာ အောင်မြင်မှုရရှိဖို့အတွက် အကောင်းဆုံးနည်းပညာနဲ့ စျေးအမြင့်ဆုံးကိုပဲ ရောင်းချတာနဲ့တင် မလုံလောက်ဘူးဆိုတာကို Samsung ကနေ နားလည်ထားပါတယ်။

အဲ့ဒီအတွက်လည်း Samsung ကနေ အခုအချိန်မှာ QLED TV တွေအပြင် လူတိုင်းအသုံးပြုနိုင်တဲ့ Crystal UHD TV Line-up ကိုပါ နှစ်စဥ် Update ပြုလုပ်ပြီးရောင်းချနေတာဖြစ်ပါတယ်။

ယခုရောင်းချနေတဲ့ Crystal UHD TV တွေဖြစ်တဲ့ AU7000 နဲ့ AU8000 TV တွေဆိုရင်လည်း Design ပိုင်းမှာ Boundless Screen အပြင် အလွန်ပါးလွှာပြီး နံရံမှာ ကပ်ထားဖို့ Slim Fit Wall-mount Design အသစ်ကိုပါ အသုံးပြုပေးထားတာဖြစ်ပါတယ်။ အရည်အသွေးမြင့်မားတဲ့ Crystal Processor 4K အပြင် ယခင်တုန်းက Flagship TV Lineup မှာပဲ ပါဝင်တဲ့ Dynamic Crystal Color နည်းပညာကိုပါ အသစ်ထည့်သွင်းပေးထားနိုင်ပြီဖြစ်ပါတယ်။

နောက်ဆုံးပေါ် နည်းပညာတွေနဲ့ ပေါင်းစပ်ထားတဲ့ QLED 4K TV

တကယ်လို့ သင်က လက်ရှိစျေးကွက်ထဲမှာ ကောင်းတာကိုပဲ လိုချင်တယ်ဆိုရင်တော့ Samsung ရဲ့ QLED 4K TV Lineup က တစ်ခုတည်းသောရွေးချယ်စရာလို့ ပြောလို့ရပါတယ်။ ဒီလိုမျိုး ပြောနိုင်တာကလည်း Samsung ကနေ အကောင်းဆုံးသော နည်းပညာတွေကို ဒီ QLED 4K TV တွေထဲမှာ ထည့်သွင်းပေးထားတာကြောင့်ဖြစ်ပါတယ်။

Samsung ကနေ Neo QLED ဆိုပြီး မိတ်ဆက်ထားတာဖြစ်ပြီး မနှစ်တုန်းကနဲ့ယှဥ်ရင်တောင် အများအပြားတိုးတက်ပြောင်းလဲလာပြီဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ကတော့ လက်ရှိအချိန်မှာ အသုံးပြုလာကြပြီဖြစ်တဲ့ Quantum Dot နည်းပညာနဲ့အတူ Dual LED , Quantum HDR နည်းပညာတွေကို စတင်ပြီး အသုံးပြုထားတာဖြစ်ပါတယ်။ ဒါကြောင့် ယခင်ထက် Color ပိုင်း၊ Brightness ၊ Contrast ပိုင်းတွေအကုန်လုံးက ပိုကောင်းမွန်လာပြီး အနက်ရောင်တွေက ပို Deep ဖြစ်လာသလို Overall Image တစ်ခုလုံးကလည်း အရည်အသွေးအလွန်ကောင်းမွန်လာမှာဖြစ်ပါတယ်။

ဒီလိုမျိုး အဆင့်မြှင့်တင်ထားတဲ့ Display နည်းပညာတွေကို Process ပြုလုပ်နိုင်ဖို့အတွက် Samsung ကနေ ယခုနှစ် Neo QLED 4K TV တွေမှာ Quantum Processor Lite 4K အသစ်ကိုပါ ထည့်သွင်းပေးထားပါသေးတယ်။ အဆိုပါ Quantum Processor Lite 4K ဟာ ကြည့်ရှု့နေတဲ့ အကြောင်းအရာတွေပေါ် မူတည်ပြီး Sound Quality ကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးနိုင်တဲ့အပြင် ပုံမှန် Resolution တွေကို 4K အထိရအောင် Upscale ပြုလုပ်နိုင်မှာလည်း ဖြစ်ပါတယ်။ Contrast Enhancement အတွက်လည်း AI ပိုင်းနဲ့ Deep Learning နည်းပညာတွေကို ပြောင်းလဲအသုံးပြုထားတာကြောင့် ကိုယ်ကြည့်ရှုတဲ့ Content ပေါ်မှုတည်ပြီး အမြဲတမ်းအကောင်းဆုံးသော ရုပ်ထွက်ကို ရရှိအောင် ဆောင်ရွက်ပေးနိုင်မှာပါ။

Samsung Neo QLED 4K TV တွေနဲ့ TV တစ်လုံးထက်ပိုတဲ့ Feature တွေကို စိတ်ကြိုက်အသုံးပြုနိုင်ခြင်း

အခုအချိန်မှာ TV တစ်လုံးကို သာမန်ရုပ်ရှင်ကြည့်ဖို့အတွက်ပဲ အသုံးပြုကြတာရှားနေပြီလို့ပြောနိုင်ပါတယ်။ အထူးသဖြင့် Console Gaming နည်းပညာဟာလည်း Next Generation ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒီလိုမျိုး Next Gen Gaming Console တွေအတွက် Samsung ရဲ့ Neo QLED 4K TV တွေဟာလည်း အကောင်းဆုံးရွေးချယ်မှုဖြစ်နေဦးမှာပါ။

ဘာကြောင့်လဲဆိုရင် Next Gen Gaming Console တွေဖြစ်တဲ့ Sony PlayStation 5 ၊ Xbox Series X လိုမျိုးနဲ့ တွဲဖက်မယ်ဆိုရင်လည်း Samsung Neo QLED 4K TV တွေက အဆင်ပြေစေဦးမှာပါ။ ဒါ့အပြင် Samsung ကနေ ဂိမ်းဆော့တဲ့အခါမှာ Lag နည်းပြီး Smooth ပိုဖြစ်စေမယ့် Auto Low Latency Mode (ALLM) အပါအဝင် တခြားသော Gaming Feature တွေကိုလည်း အများအပြားထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် Gamer တွေအတွက်လည်း Samsung TV တွေက နည်းပညာတိုင်းမှာ အကောင်းဆုံးဖြစ်နေစေမှာဖြစ်ပါတယ်။

အသံပိုင်းဆိုင်ရာမှာဆိုရင်လည်း ကိုယ်တိုင်အထဲမှာ ရောက်နေသလို ခံစားနားဆင်ရစေမယ့် 3D Surround Sound နည်းပညာနဲ့ Object Tracking Sound Lite (OTS Lite), Sound Bar ပါ တွဲဖက်သုံးမယ့်သူတွေအတွက် Q-Symphony နည်းပညာ၊ TV ဖန်သားပြင်ပေါ်က ကိုယ်ကြည့်နေတဲ့ အကြောင်းအရာအပေါ် မူတည်ပြီး အသံတွေကို Tune လုပ်ပေးမယ့် Adaptive Sound နည်းပညာတွေကို ထောက်ပံ့ပေးထားပါသေးတယ်။

နောက်ထပ် Samsung Neo QLED 4K TV တွေမှာပါဝင်တဲ့ နည်းပညာတွေထဲက အသုံးဝင်တဲ့ Feature ကတော့ TV Screen နဲ့ Mobile Phone Screen ၂မျိူးစလုံးကို တပြိုင်တည်းကြည့်နိုင်တဲ့ Multi View နည်းပညာပဲ ဖြစ်ပါတယ်။ တကယ်လို့ Samsung ရဲ့ တခြားသော SmartThings Support ပြုလုပ်တဲ့ Device တွေကို သင့်အိမ်မှာအသုံးပြုနေတယ်ဆိုရင်လည်း Samsung TV တွေက အလိုအလျောက်သိရှိပြီး TV ကနေပဲ ထိန်းချူပ်နိုင်မှာဖြစ်ပါတယ်။

နောက်ထပ်လည်း လူသုံးများတဲ့ Samsung TV တွေမှာပဲရရှိနိုင်တဲ့ Feature ကတော့ Samsung DeX ကို TV မှာ အလွယ်တကူအသုံးပြုနိုင်တာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ဆီမှာ Samsung DeX Support ပြုလုပ်တဲ့စမတ်ဖုန်းတစ်လုံးရှိတာနဲ့ TV ကို ကွန်ပျူတာတစ်လုံးအနေနဲ့ ပြောင်းလဲပြီး အသုံးပြုနိုင်တာကလည်း ကြီးမားတဲ့အားသာချက်တစ်ခုဖြစ်ပါတယ်။

အခုလိုမျိုး Samsung ကနေ TV တွေအပေါ်မှာထည့်သွင်းထားတဲ့ နည်းပညာတွေဟာ တစ်နှစ်ထက် တစ်နှစ်ပိုပြီး အဆင့်မြှင့်မားလာပြီး စိတ်ဝင်စားဖို့လည်းကောင်းနေပြီဖြစ်ပါတယ်။ အခုနှစ်မှာ မိတ်ဆက်ထားတဲ့ Neo QLED 4K TV တွေဟာဆိုရင် Dual LED နည်းပညာတွေကို အသုံးပြုထားတာကြောင့် TV စျေးကွက်ထဲမှာလည်း အောင်မြင်နိုင်မယ်လို့ မျှော်လင့်ရသလို Samsung ဟာလည်း ၁၆ နှစ်ဆက်တိုက် TV စျေးကွက်ရဲ့ ပထမနေရာကို ဆက်လက်ရယူထားနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

Samsung Neo QLED 4K TV တွေကို မြန်မာနိုင်ငံမှာ ဝယ်ယူရရှိနိုင်ပြီဖြစ်ပြီး စျေးနှုန်းတွေအနေနဲ့ ၅၅ လက်မ Neo QLED 4K (2021 Model) ကို ၂၆၈,၅၀၀၀ ကျပ်၊ ၆၅ လက်မ Neo QLED 4K (2021 Model) ကို ၃၆၈,၂၀၀၀ ကျပ်၊ ၇၅ လက်မ Neo QLED 4K (2021 Model) ကို ၄၉၄,၇၀၀၀ ကျပ်၊ ၈၅ လက်မ Neo QLED 4K (2021 Model) ကို ၇၁၂၄,၀၀၀ ကျပ် အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။