Samsung က Galaxy Watch 4 နဲ့ Galaxy Watch 4 Classic တို့ကို Walkie Talkie လို အသုံးပြုနိုင်မယ့် App အသစ် ၁ ခုကို ဖြန့်ချိပေးလိုက်ပါတယ်။ အဲဒီ App က Bluetooth ကို အသုံးပြုကာ အနီးအနားက သူငယ်ချင်းတွေကို ရှာဖွေပြီး Walkie Talkie Channel ကို ဖန်တီးပေးတာပါ။

Samsung Galaxy Watch 4 Review

အဲဒီ App ကို Samsung Tizen Platform မောင်းနှင်ထားတဲ့ Galaxy Watch 3 နဲ့ Galaxy Watch Active 2 တို့လို Galaxy Smartwatches အဟောင်းတွေမှာ အသုံးပြုလို့ မရပါဘူး။

Samsung Walkie Talkie

Galaxy Watch 4 နဲ့ Galaxy Watch 4 Classic တို့ကို ချိတ်ဆက်ထားတဲ့ Samsung အကောင့် ရှိတဲ့ စမတ်ဖုန်းမှာ အဲဒီ App ကို အသုံးပြုဖို့ မှတ်ပုံတင်ရမှာပါ။ Samsung က အဲဒီ App ကို ပထမဆုံး အကြိမ် အသုံးပြုရင် စမတ်ဖုန်းနဲ့ ချိတ်ဆက်ထားဖို့ အကြံပြုထားပါတယ်။ Set Up လုပ်ပြီးရင်တော့ Walkie Talkie လို အသုံးပြုဖို့ စမတ်ဖုန်းနဲ့ ချိတ်ဆက်ထားဖို့ မလိုအပ်ပါဘူး။

စမတ်နာရီမှာ Walkie Talkie App ကို Install လုပ်ပြီးရင် အနီးအနားက တခြား Galaxy Watch 4 Series စမတ်နာရီနဲ့ ချိတ်ဆက်ရမှာပါ။ ပြီးရင်တော့ စမတ်နာရီက မိုက်ကရိုဖုန်း အိုင်ကွန်ကို ဖိထားပြီး စကားပြောရမှာ ဖြစ်ပါတယ်။ အဲဒီ App က မိုက်ကရိုဖုန်း အပြင် Contacts နဲ့ Call Permission တွေကိုပါ တောင်းဆိုမှာပါ။ ဒီလို လုပ်ဆောင်ချက်ကို ထည့်သွင်းပေးတာ Samsung က ပထမဆုံး မဟုတ်ပါဘူး။ Apple ကလည်း အလားတူ လုပ်ဆောင်ချက်မျိုးကို စမတ်နာရီတွေမှာ ၂၀၁၈ ခုနှစ်ကတည်းက ထည့်သွင်းပေးထားတာပါ။

Ref : androidcentral