ကမ္ဘာတစ်ဝှမ်းမှ မိသားစုများအတွက် နောက်ဆုံးပေါ် နည်းပညာများနှင့် ယုံကြည်စိတ်ချရမှု အရှိဆုံး အိမ်သုံးလျှပ်စစ်ပစ္စည်းများအား ဖန်တီးထုတ်လုပ်လျက်ရှိသည့် Samsung Electronics Co. Ltd သည် ယခုအခါတွင် မြန်မာနိုင်ငံတစ်ဝန်းမှ ဇနီး‌မောင်နှံများနှင့် ချစ်ခင်မြတ်နိုးစရာ မောင်နှံစုံတွဲများ အတွက် စိတ်လှုပ်ရှားစရာ ဆုလက်ဆောင်များစွာ ပါဝင်သည့် အမှတ်တရအစီအစဉ်အသစ် “Partners For Life” အား မနေ့က စတင်မိတ်ဆက်ပေးခဲ့သည်။

ဘဝစာမျက်နှာသစ်များအား အတူတူလက်တွဲပြီး စတင်ရေးခြယ် ပုံဖော်သွားမည့် နိုင်ငံတစ်ဝှမ်းမှ ချစ်ငှက်မောင်နှံများ အတွက် စိတ်လှုပ်ရှားစရာ မင်္ဂလာလက်ဆောင်များ၊ အမှတ်ရဖွယ် အခိုက်အတန့်များအား ဖန်တီးပေးသွားရန် ရည်ရွယ်ချက်ဖြင့် ယခု Samsung ၏ “Partners For Life” အစီအစဉ်အား ၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၁၅ ရက်နေ့ အထိကျင်းပပြုလုပ်ပေးသွားမည်ဖြစ်သည်။

ယခုအစီအစဉ်တွင် ပါဝင်ဆင်နွှဲလိုသူ ဇနီးမောင်နှံများနှင့် စုံတွဲများအနေနှင့် အောက်ဖော်ပြပါ ရိုးရှင်းလွယ်ကူသော အဆင့် (၃) ဆင့်အား လုပ်ဆောင်ခြင်းဖြင့် စိတ်လှုပ်ရှားဖွယ်ရာဆုလက်ဆောင် များအား ရယူခံစားနိုင်မည်ဖြစ်သည်။

အဆင့် (၁) – မိမိတို့၏ စုံတွဲဓာတ်ပုံ (သို့မဟုတ်) ဓာတ်ပုံများ အား မိမိ၏ ကိုယ်ပိုင် Facebook စာမျက်နှာတွင် Public နှင့် တင်ပါ။

အဆင့် (၂) – မိမိတို့ နှစ်ဦး ပထမဆုံးတွေ့ဆုံခြင်းနှင့် ပတ်သက်သည့် အမှတ်တရ အကျဉ်းချုပ်အား Post Caption တွင် ရေးသားဖော်ပြပါ။

အဆင့် (၃) – ဤ hashtags များအားအသုံးပြုပါ။ [#SamsungWedding #PartnersforLife]

အဆင့် (၄) – ဖော်ပြပါ link အောက်တွင် တင်ထားသည့် post အား screenshot ရိုက်၍ comment ရေးရန်။ [https://tinyurl.com/yzds92j2]

အစီအစဉ်တွင် အနိုင်ရရှိသူ ၅ ဦးအား ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် Samsung Myanmar ၏ တရားဝင် Facebook စာမျက်နှာမှ ကြေညာပေးသွားမည် ဖြစ်ပြီး ၎င်းတို့၏ ချစ်ခင်ရသူနှင့် အတူတကွ အမှတ်ရဖွယ်ရာ အခိုက်အတန့်များ ဖြတ်သန်းနိုင်စေရန် အတွက် ရန်ကုန်မြို့ Novotel Hotel Deluxe Room တွင် ၁ ညတာတည်းခိုခွင့်နှင့်အတူ Novotel Hotel တွင် ဘူဖေးညစာ တစ်ကြိမ် စားသုံးခွင့်အား Samsung Myanmar မှ ချီးမြှင့်ပေးအပ် သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် နာမည်အကျော်ကြားဆုံးနှင့် လူသုံးအများဆုံးသော အိမ်သုံးလျှပ်စစ် ထုတ်ကုန်အမှတ်တံဆိပ် တစ်ခု ဖြစ်သည်နှင့်အညီ Samsung သည် မြန်မာနိုင်ငံအတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံး လက်တွဲဆောင်ရွက်မှုများနှင့် အစီအစဉ်အသစ်များအား နှစ်စဉ်ကျင်းပပေးလျက်ရှိသည်။ မကြာသေးသည့် ၂၀၂၂ ခုနှစ်၊ ဧပြီလတွင်လည်း Samsung Myanmar သည် ရန်ကုန်နှင့် မန္တလေးမြို့များရှိ ထိပ်တန်းမင်္ဂလာပွဲစီစဉ်သူများနှင့် ဓာတ်ပုံဆရာများ အပါအဝင် မင်္ဂလာပွဲနှင့် ပတ်သက်သည့် ဝန်ဆောင်မှုလုပ်ငန်း စုစုပေါင်း အခု ၃၀ နှင့် ပူးပေါင်း၍ သတ်မှတ်ထားသော ကာလအတွင်း ၎င်းတို့ထံမှ ဝန်ဆောင်မှုရယူသည့် မင်္ဂလာဦးစုံတွဲများအား Cashback ပြန်အမ်း‌ငွေ ၂၅၀,၀၀၀ ကျပ် ဘောက်ချာကုဒ်များ အား ပေးအပ်ခဲ့သည်။

*နိုင်ငံတဝန်းရှိ Samsung အရောင်းဆိုင်များနှင့် အခြားအရောင်းဆိုင်များမှ အနည်းဆုံး Samsung အမှတ်တံဆိပ် အိမ်သုံးလျှပ်စစ် ထုတ်ကုန် ၂ ခုနှင့် အထက်ဝယ်ယူရာတွင် အသုံးပြုနိုင်မည့် အပြင် အခြားသော Promotion အစီအစဉ်များနှင့် လည်း အတူတကွ ထပ်ပေါင်းခံစားခွင့် ရရှိမည် – ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့နောက်ဆုံးထား၍ အသုံးပြုနိုင်

*စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များရှိသည်။

ပြီးခဲ့သည့် နှစ်ပေါင်းများစွာအတွင်း Samsung သည် သုံးစွဲသူများ၏ လူနေမှုဘဝပုံစံနှင့် နေ့စဉ်လိုအပ်ချက်များအတွက် အဆင်ပြေ လွယ်ကူမှု အပြည့်အဝ ရရှိစေမည့် အိမ်သုံးလျှပ်စစ်ပစ္စည်း ထုတ်ကုန်အမျိုးအစား မျိုးစုံ (တီဗီ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ လေအေးပေးစက်နှင့် အခြားသောထုတ်ကုန်များ) အား သုံးစွဲသူများထံ စဉ်ဆက်မပြတ် ဖန်တီး ပေးအပ်လျက်ရှိသည်။ အလားတူပင် ၎င်း၏ ‘Built for Myanmar’ ဟူသော ဆောင်ပုဒ်နှင့်အညီ Samsung Myanmar သည် မြန်မာနိုင်ငံအတွက် ကိုက်ညီမှုအရှိဆုံး ထုတ်ကုန်များနှင့် နောက်ဆုံးပေါ်နည်းပညာများ ကိုလည်း စဉ်ဆက်မပြတ် ဖန်တီးပေးအပ်လျက်ရှိသည်။ ဥပမာအားဖြင့် လျှပ်စီးကြောင်း တည်ငြိမ်မှု ရှိစေရန် အလိုအလျောက် ထိန်းသိမ်းပေးသည့် Electric Stabilizer၊ လျှပ်စစ်ဓာတ်အားသုံးစွဲမှုအား ၄၀ ရာခိုင်နှုန်းထိလျှော့ချပေးမည့် Digital Inverter၊ လျှပ်စစ်မီးပြတ်တောက်ချိန်တွင် ရေခဲသေတ္တာအတွင်းရှိ အအေးဓာတ်အား ၁၂ နာရီကြာထိန်းသိမ်းထားမည့် Cool Pack၊ Wifi လုပ်ဆောင်ချက်များ ထည့်သွင်းထားသည့် Samsung 4K Smart TV တို့သာမက ထုတ်ကုန်ပစ္စည်းများ အားလုံး အတွက် တစ်သက်တာ အာမခံ (Lifelong Warranty) များကိုလည်း အသီးသီး ပံ့ပိုးပေးအပ်လျက်ရှိသည်။

Press Release – Samsung