Samsung ဟာ 5nm Architecture ကို အခြေခံထားတဲ့ Exynos Chipset တွေကို ဆောင်ရွက်နေတာ အခုဆိုရင် လအနည်းငယ်ရှိနေပြီဖြစ်ပါတယ်။ အခုအချိန်မှာတော့ ZDNet ရဲ့ ပြောကြားချက်အရ Samsung ဟာ အဆိုပါ 5nm Exynos Chipset တွေကို အမြောက်အများထုတ်လုပ်သွားတော့မှာဖြစ်ပါတယ်။

Samsung ရဲ့ အဆိုပါ 5nm Chipset တွေကိုတော့ Exynos 992 Chipset လို့ နာမည်ပေးထားတယ်လို့ သိရပါတယ်။ လာမယ့် သြဂုတ်လအတွင်းမှာ မိတ်ဆက်လာမယ့် Galaxy Note 20 Series ဖုန်းတွေမှာ အဆိုပါ Chipset တွေကို အသုံးပြုလာမလားဆိုတာကိုတော့ သေချာအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

Exynos 992 Chipset ဟာ ARM Cortex-A78 CPU Core တွေနဲ့ Mali-G78 GPU Architecture တွေကို အခြေခံထားမှာဖြစ်ပြီး ပြီးခဲ့တဲ့ Generation ထက် ၂၀ ရာခိုင်နှုန်းပိုမို Efficiency ကောင်းမွန်လာမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ GPU Performance ပိုင်းမှာလည်း ယခင် Generation ထက် ၂၅ ရာခိုင်နှုန်းခန့် ပိုကောင်းမွန်လာမှာပါ။

လက်ရှိသိရှိထားရတဲ့သတင်းတွေအရတော့ Samsung ဟာ 5nm Exynos 992 Chipset ကို Galaxy Note 20 Series ဖုန်းတွေမှာ အသုံးပြုလာရင်တောင်မှ တောင်ကိုရီးယားနိုင်ငံမှာပဲ ရောင်းချသွားမှာဖြစ်ပြီး ကျန်တဲ့စျေးကွက်နိုင်ငံတွေကိုတော့ Qualcomm Snapdragon Processor နဲ့ပဲ တင်ပို့ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – GSM Arena