[Unicode]
Samsung က ဗီယက်နမ်မှာ ပြီးခဲ့တဲ့လက Galaxy A51 နဲ့ A71 ကို ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဥရောပမှာ ရောင်းမယ့် သတင်းအချက်အလက်တွေကို မျှဝေခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက Galaxy A51 နဲ့ A71 အတွက် Promo Video ၃ ခုကို မျှဝေလိုက်ပါတယ်။
ပထမ Video မှာ Galaxy A51 နဲ့ A71 ရဲ့ Fast Charging ကို Samsung က ရှင်းပြထားပါတယ်။ A51 မှာ 15W နဲ့ A71 မှာ 25W တွေ ပါပါတယ်။
နောက် Video မှာ အဲဒီ ဖုန်းတွေရဲ့ Infinity-O Displays တွေအကြောင်းကို ပြောပြထားပါတယ်။
နောက်ဆုံး Video မှာ နောက်ဆုံးထုတ် A Series တွေရဲ့ အလန်းစား ဘက်ထရီ သက်တမ်းကို ရှင်းပြထားပါတယ်။
Galaxy A51 ကို ဒီလထဲမှာ ဥရောပ နိုင်ငံတော်တော်များများမှာ ရောင်းချမှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလမှာတော့ Galaxy A71 ကို ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Galaxy A51 ကို ဗီယက်နမ်မှာ ဒေါင် ၇,၉၉၀,၀၀၀ သတ်မှတ်ထားပြီး မြန်မာငွေ ၅၂၀,၀၀၀ လောက် ကျသင့်မှာပါ။ Prism Crush Black, Prism Crush White, Prism Crush Blue နဲ့ Prism Crush Pink အရောင်တွေ ရွေးချယ်နိုင်မှာပါ။
Ref : gsmarena
[Zawgyi]
Samsung က Galaxy A51 နဲ့ A71 အတွက် Promo Video ၃ ခုကို မျှဝေ
Ref : gsmarena