[Unicode]

Samsung က နောက်လ ၁၁ ရက်နေ့မှာ Unpacked Event ကျင်းပပြီး အလန်းစား Galaxy S20 Series တွေကို ကြေညာတော့မှာ ဖြစ်ပါတယ်။ အခုတော့ ကုမ္ပဏီက YouTube Channel မှာ Unpacked 2020 အတွက် ဗီဒီယို Teaser ၁ ခု တင်လိုက်ပါတယ်။ ဗီဒီယိုမှာ တကယ့် စမတ်ဖုန်းတွေကို မပြသထားပါဘူး။ ဒါပေမယ့် အရိပ်အမြွက် သတင်းပေးထားတာတွေ ရှိပါတယ်။

ဗီဒီယို နာမည်က “Change the shape of the future “ ဖြစ်ပြီး ဗီဒီယိုမှာလည်း အဲဒီစာသားကို ဖော်ပြထားပါတယ်။ အဲဒီအတွက် Unpacked 2020 မှာ Galaxy S20 Series တွေနဲ့အတူ Galaxy Z Flip ကိုပါ ကြေညာနိုင်ပါတယ်။ အဲဒီ စမတ်ဖုန်းဟာ ကုမ္ပဏီရဲ့ ပထမဆုံး ဒေါင်လိုက် Foldable စမတ်ဖုန်း ဖြစ်လာမှာပါ။ Galaxy S20 Series တွေထဲမှာ Galaxy S20 , S20+ နဲ့ S20 Ultra တွေ ပါဝင်မှာပါ။

Galaxy S20 Series တွေနဲ့ Galaxy Z Flip ရဲ့ ဓါတ်ပုံနဲ့ သတင်းအချက်အလက်များစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ Samsung ရဲ့ ပထမဆုံး Foldable ဖုန်းဖြစ်တဲ့ Galaxy Fold ဟာ ဘေးတိုက် ခေါက်ချိုး ဒီဇိုင်းဖြစ်ပြီး Galaxy Z Flip က Motorola Razr 2019 လို ဒေါင်လိုက် ခေါက်ချိုး ဒီဇိုင်း ဖြစ်ပါတယ်။ Samsung က နောက်ထပ် Foldable ဖုန်းဖြစ်တဲ့ Galaxy Fold 2 ကိုလည်း ဖန်တီးနေတယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena

[Zawgyi]

Samsung က Unpacked 2020 အတြက္ ဗီဒီယို Teaser ကို ျဖန႔္ခ်ိ

Samsung က ေနာက္လ ၁၁ ရက္ေန႔မွာ Unpacked Event က်င္းပၿပီး အလန္းစား Galaxy S20 Series ေတြကို ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ အခုေတာ့ ကုမၸဏီက YouTube Channel မွာ Unpacked 2020 အတြက္ ဗီဒီယို Teaser ၁ ခု တင္လိုက္ပါတယ္။ ဗီဒီယိုမွာ တကယ့္ စမတ္ဖုန္းေတြကို မျပသထားပါဘူး။ ဒါေပမယ့္ အရိပ္အႁမြက္ သတင္းေပးထားတာေတြ ရွိပါတယ္။

ဗီဒီယို နာမည္က “Change the shape of the future “ ျဖစ္ၿပီး ဗီဒီယိုမွာလည္း အဲဒီစာသားကို ေဖာ္ျပထားပါတယ္။ အဲဒီအတြက္ Unpacked 2020 မွာ Galaxy S20 Series ေတြနဲ႔အတူ Galaxy Z Flip ကိုပါ ေၾကညာႏိုင္ပါတယ္။ အဲဒီ စမတ္ဖုန္းဟာ ကုမၸဏီရဲ႕ ပထမဆုံး ေဒါင္လိုက္ Foldable စမတ္ဖုန္း ျဖစ္လာမွာပါ။ Galaxy S20 Series ေတြထဲမွာ Galaxy S20 , S20+ နဲ႔ S20 Ultra ေတြ ပါဝင္မွာပါ။

Galaxy S20 Series ေတြနဲ႔ Galaxy Z Flip ရဲ႕ ဓါတ္ပုံနဲ႔ သတင္းအခ်က္အလက္မ်ားစြာ ေပါက္ၾကားထြက္ေပၚေနပါတယ္။ Samsung ရဲ႕ ပထမဆုံး Foldable ဖုန္းျဖစ္တဲ့ Galaxy Fold ဟာ ေဘးတိုက္ ေခါက္ခ်ိဳး ဒီဇိုင္းျဖစ္ၿပီး Galaxy Z Flip က Motorola Razr 2019 လို ေဒါင္လိုက္ ေခါက္ခ်ိဳး ဒီဇိုင္း ျဖစ္ပါတယ္။ Samsung က ေနာက္ထပ္ Foldable ဖုန္းျဖစ္တဲ့ Galaxy Fold 2 ကိုလည္း ဖန္တီးေနတယ္လို႔ သတင္းထြက္ေနပါတယ္။

Ref : gsmarena