Qualcomm ဟာ Snapdragon 865 Flagship Chipset ကို မိတ်ဆက်ခဲ့တဲ့အချိန်တုန်းက GPU Driver ကို Update ပြုလုပ်ပြီး စွမ်းဆောင်ရည်ပိုင်းပိုကောင်းအောင်ဆောင်ရွက်နိုင်တဲ့ Feature ကိုပါ ထည့်သွင်းပေးခဲ့ပါတယ်။ ဒါက Chipset နဲ့ စမတ်ဖုန်းထုတ်လုပ်သူတွေအတွက် ပထမဆုံးဖြစ်ခဲ့တာလို့တောင် ပြောနိုင်ပါတယ်။

နောက်ပိုင်းမှာ ARM ကလည်း GPU Driver တွေကို Update ပြုလုပ်နိုင်အောင် Support ပြုလုပ်ခဲ့သလို Xiaomi ၊ OPPO နဲ့ Vivo လိုမျိုး စမတ်ဖုန်းကုမ္ပဏီတွေကလည်း GPU Driver Update ပြုလုပ်နိုင်တဲ့ Software တွေကို မိတ်ဆက်ခဲ့ပါတယ်။ အခုလည်း Samsung ကနေ အလားတူ GPU Driver Update ပြုလုပ်ခွင့်ကို ဆောင်ရွက်လိုက်ပြီဖြစ်ပါတယ်။

Samsung ကတော့ GameDriver App ကို အသစ်ထုတ်ပေးလိုက်တာဖြစ်ပြီး အဆိုပါ App ကနေ GPU Update ပြုလုပ်ရမယ်လို့ သိရပါတယ်။ လောလောဆယ်မှာ Qualcomm Snapdragon Chipset အပြင် Samsung Exynos Chipset တွေအတွက်ပါ Support ပြုလုပ်နိုင်မှာဖြစ်ပြီး Google Play Store သို့မဟုတ် Samsung Galaxy Store ကနေ Download ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

လောလောဆယ်မှာတော့ Samsung Galaxy S20 Series နဲ့ Note 20 Series ဖုန်းတွေပဲ GPU Driver ကို Update ပြုလုပ်နိုင်မှာဖြစ်သလို Game တွေအနေနဲ့လည်း Call of Duty : Mobile ၊ Black Desert နဲ့ Fortnite လို Game တွေကိုပဲ Support ပြုလုပ်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် လောလောဆယ်မှာတော့ တခြား PUBG နဲ့ Mobile Legends လိုမျိုး Game တွေမှာတော့ GPU Driver Update ပြုလုပ်လိုက်ရင်လည်း စွမ်းဆောင်ရည်ပိုင်း တိုးတက်လာဦးမှာမဟုတ်ပါဘူး။

Samsung ဟာ အခု GPU Driver Update ပြုလုပ်နိုင်ဖို့အတွက် Game Studio ၊ GPU Vendor တွေအပြင် တခြားသော Publisher ၊ Tool Developer ပေါင်း ၅၀ ကျော်နဲ့ ပူးပေါင်းထားတဲ့အတွက် မကြာခင်မှာတော့ နောက်ထပ် စမတ်ဖုန်းတွေအပြင် Game အသစ်တွေကိုပါ Support ပြုလုပ်နိုင်ပါတယ်။

Ref – Gizmo China

https://www.youtube.com/watch?v=U5uF05FwTFg