Samsung ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ပိုင်းတုန်းက Samsung Galaxy Note 10 Series နဲ့ S10 Series ဖုန်းတွေအတွက် OneUI 3.0 Beta ကို ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Samsung ကနေ အဆိုပါ OneUI 3.0 Beta မှာ ပြဿနာတွေ ကြုံတွေ့နေရတဲ့အတွက် ရပ်ဆိုင်းလိုက်ရပြီလို့ သိရပါတယ်။

Samsung ကတော့ ဘယ်အချိန်အထိ OneUI 3.0 Beta Update ကို ရပ်ဆိုင်းထားမလဲဆိုတာကိုတော့ မသိရသေးပေမယ့် Galaxy S10 ၊ S10+ ၊ S10e ၊ Z Flip 5G ၊ Z Fold 2 အပါအဝင် တခြားသော Device တွေအတွက်ပါ ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် OneUI 3.0 Beta Update ကိုရယူထားပြီးတဲ့ Device တွေကတော့ နောက်မှ Fix ပြန်လုပ်ပေးတဲ့ Update ကိုပဲ စောင့်ဆိုင်းရတော့မှာဖြစ်ပါတယ်။

ဒီလိုမျိုး ရပ်ဆိုင်းလိုက်ရတဲ့ အဓိကအကြောင်းပြချက်အနေနဲ့ကတော့ Galaxy Note 10 Series နဲ့ S10 Series ဖုန်းတွေမှာ OneUI 3.0 Beta တင်ပြီးတာနဲ့ Battery စားသုံးမှုအလွန်များပြားနေတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ တချို့သော Application တော်တော်များများကလည်း Crashed ဖြစ်နေတဲ့ ပြဿနာကို ကြုံနေရတာဖြစ်ပါတယ်။

Samsung ဟာ Android 11 ကို အခြေခံထားတဲ့ OneUI 3.0 ကို ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့ထဲက မိတ်ဆက်ထားခဲ့တာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ စုစုပေါင်း Samsung Device ပေါင်း ၉၀ နီးပါးကိုလည်း Update ပြုလုပ်ပေးဖို့ စီစဥ်ထားတာပါ။ အဲ့ဒီအတွက် အခုလိုမျိုး ပြဿနာတွေကြုံတွေ့နေရပြီး ပြန်လည်ရပ်ဆိုင်းထားရတာက သတင်းကောင်းတော့မဟုတ်ပါဘူး။

Ref – Gizmo China