မႏွစ္က ဆမ္ေဆာင္းကုမၸဏီဟာ သူတုိ႔ရဲ႕ Mixed Reality Headset ျဖစ္တဲ့ HMD Odyssey VR ကို မိတ္ဆက္ခဲ့ျပီး ၂၀၁၈ ခုႏွစ္မွာေတာ့ သူ႕ရဲ႕ မ်ဳိးဆက္သစ္ Odyssey VR+ ကုိ ေခၚေဆာင္လာခဲ့ပါျပီ။ ထုတ္ကုန္အသစ္မွာ Hardware တုိးျမွင့္မႈေတြ ပါဝင္ခဲ့ျပီး အရင္ကထက္ သုံးရတာ သက္ေတာင့္သက္သာရွိဖုိ႔ကို ဦးတည္လာပါတယ္။ ဒါ့အျပင္ Anti-Screen Door Effect လို႔ေခၚတဲ့ နည္းပညာအသစ္ ပါဝင္လာကာ Pixel ေတြကို ဝါးေပးမယ့္ စနစ္ျဖစ္ပါတယ္။
Headset ရဲ႕အတြင္းပိုင္းမွာ 3.5” လက္မ Dual AMOLED Screen ႏွစ္ခုပါဝင္ျပီး Pixel သို႔မဟုတ္ Screen Door Effect လို႔ေခၚတဲ့ အျမင္ပုိင္းကို အရင္က ေတြ႕ရမွာပါ။ ၄င္းက VR ၾကည့္ေနစဥ္မွာ အခ်ဳိ႕ေနရာေတြကို Pixel ပီသစြာ ျမင္ေတြ႕ရႏုိင္ျပီး မူးေဝမႈကို ျဖစ္ေပၚေစခဲ့တယ္။ ဒါေၾကာင့္ Odyssey VR+ အသစ္မွာ Pixel တစ္ခုခ်င္းစီက ထြက္လာတဲ့ အလင္းကို ေရာေႏွာေစျပီး ပတ္ပတ္လည္ျမင္ကြင္းကို တုပဖန္တီးေပးတဲ့ ပုံစံနဲ႔ အစစ္အမွန္ပိုဆန္တဲ့ ပတ္ဝန္းက်င္ကို ျမင္ရေစမွာ ျဖစ္တယ္လို႔ ဆုိတယ္။
အသစ္ထြက္လာတဲ့ VR Headset က မူရင္းထက္ ပုိၾကီးတဲ့ Eye Box ေတြလည္း ပါဝင္ျပီး 146 mm ရွိပါတယ္။ ေဘးကာကို အသက္ရႈတဲ့အခါ ျမဴလို အရိပ္အေငြ႕မထေအာင္ ကာကြယ္တဲ့ ပစၥည္းနဲ႔ ျပဳလုပ္ထားျပီး အသက္ရႈျခင္းနဲ႔ ေလကေန ျဖစ္လာတဲ့ အေငြ႕ေတြက မ်က္လုံးဝန္းက်င္နဲ႔ Screen ကို အေႏွာင့္အယွက္ေပးတာ မျဖစ္ေအာင္ ကာကြယ္ေပးမွာပါ။ က်န္တဲ့အပုိင္းေတြကေတာ့ အတူတူပဲ ျဖစ္ျပီး 360 ဒီဂရီ ပတ္လည္ အသံေပးစနစ္၊ Built-in Dual မုိက္ကရိုဖုန္းနဲ႔ ၁၁၀ ဒီဂရီ FoV တုိ႔ ပါဝင္တယ္။
Odyssey VR+ မွာ မုိးရွင္းလက္ကုိင္ ႏွစ္ခု တစ္ပါတည္း ထည့္သြင္းေပးထားျပီး ဝင္းဒုိးကြန္ျပဴတာနဲ႔ ခ်ိတ္ဆက္ဖို႔ HDMI 2.0 နဲ႔ USB 3.0 ေပါက္ေတြ ပါပါတယ္။ တန္ဖိုးကေတာ့ ေဒၚလာငါးရာျဖစ္ျပီးေတာ့ ဆမ္ေဆာင္းနဲ႔ မုိက္ကရုိေဆာ့ဖ္တုိ႔ရဲ႕ အေမရိကန္ဝက္ဘ္ဆုိက္ေတြမွာ ဝယ္ယူႏုိင္ေနျပီ။ အာရွႏုိင္ငံေတြ အပါအဝင္ အျခားေဒသေတြကိုေတာ့ “မၾကာခင္” ေရာက္ရွိလာမယ္လုိ႔ ေၾကျငာထားပါတယ္။
Unicode
မနှစ်က ဆမ်ဆောင်းကုမ္ပဏီဟာ သူတို့ရဲ့ Mixed Reality Headset ဖြစ်တဲ့ HMD Odyssey VR ကို မိတ်ဆက်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ သူ့ရဲ့ မျိုးဆက်သစ် Odyssey VR+ ကို ခေါ်ဆောင်လာခဲ့ပါပြီ။ ထုတ်ကုန်အသစ်မှာ Hardware တိုးမြှင့်မှုတွေ ပါဝင်ခဲ့ပြီး အရင်ကထက် သုံးရတာ သက်တောင့်သက်သာရှိဖို့ကို ဦးတည်လာပါတယ်။ ဒါ့အပြင် Anti-Screen Door Effect လို့ခေါ်တဲ့ နည်းပညာအသစ် ပါဝင်လာကာ Pixel တွေကို ဝါးပေးမယ့် စနစ်ဖြစ်ပါတယ်။
Headset ရဲ့အတွင်းပိုင်းမှာ 3.5” လက်မ Dual AMOLED Screen နှစ်ခုပါဝင်ပြီး Pixel သို့မဟုတ် Screen Door Effect လို့ခေါ်တဲ့ အမြင်ပိုင်းကို အရင်က တွေ့ရမှာပါ။ ၎င်းက VR ကြည့်နေစဉ်မှာ အချို့နေရာတွေကို Pixel ပီသစွာ မြင်တွေ့ရနိုင်ပြီး မူးဝေမှုကို ဖြစ်ပေါ်စေခဲ့တယ်။ ဒါကြောင့် Odyssey VR+ အသစ်မှာ Pixel တစ်ခုချင်းစီက ထွက်လာတဲ့ အလင်းကို ရောနှောစေပြီး ပတ်ပတ်လည်မြင်ကွင်းကို တုပဖန်တီးပေးတဲ့ ပုံစံနဲ့ အစစ်အမှန်ပိုဆန်တဲ့ ပတ်ဝန်းကျင်ကို မြင်ရစေမှာ ဖြစ်တယ်လို့ ဆိုတယ်။
အသစ်ထွက်လာတဲ့ VR Headset က မူရင်းထက် ပိုကြီးတဲ့ Eye Box တွေလည်း ပါဝင်ပြီး 146 mm ရှိပါတယ်။ ဘေးကာကို အသက်ရှုတဲ့အခါ မြူလို အရိပ်အငွေ့မထအောင် ကာကွယ်တဲ့ ပစ္စည်းနဲ့ ပြုလုပ်ထားပြီး အသက်ရှုခြင်းနဲ့ လေကနေ ဖြစ်လာတဲ့ အငွေ့တွေက မျက်လုံးဝန်းကျင်နဲ့ Screen ကို အနှောင့်အယှက်ပေးတာ မဖြစ်အောင် ကာကွယ်ပေးမှာပါ။ ကျန်တဲ့အပိုင်းတွေကတော့ အတူတူပဲ ဖြစ်ပြီး 360 ဒီဂရီ ပတ်လည် အသံပေးစနစ်၊ Built-in Dual မိုက်ကရိုဖုန်းနဲ့ ၁၁၀ ဒီဂရီ FoV တို့ ပါဝင်တယ်။
Odyssey VR+ မှာ မိုးရှင်းလက်ကိုင် နှစ်ခု တစ်ပါတည်း ထည့်သွင်းပေးထားပြီး ဝင်းဒိုးကွန်ပြူတာနဲ့ ချိတ်ဆက်ဖို့ HDMI 2.0 နဲ့ USB 3.0 ပေါက်တွေ ပါပါတယ်။ တန်ဖိုးကတော့ ဒေါ်လာငါးရာဖြစ်ပြီးတော့ ဆမ်ဆောင်းနဲ့ မိုက်ကရိုဆော့ဖ်တို့ရဲ့ အမေရိကန်ဝက်ဘ်ဆိုက်တွေမှာ ဝယ်ယူနိုင်နေပြီ။ အာရှနိုင်ငံတွေ အပါအဝင် အခြားဒေသတွေကိုတော့ “မကြာခင်” ရောက်ရှိလာမယ်လို့ ကြေငြာထားပါတယ်။