Samsung ဟာ လာမယ့် သြဂုတ်လဝန်းကျင်မှာ Galaxy Note 20 Series စမတ်ဖုန်းတွေကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုလည်း ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Galaxy Note 9 စမတ်ဖုန်းအတွက် OneUI 2.1 Update ကို ထုတ်ပေးလိုက်ပါပြီ။

အဆိုပါ Galaxy Note 9 အတွက် OneUI 2.1 Update ဟာ လောလောဆယ်မှာ Germany မှာရှိတဲ့အသုံးပြုသူတွေဆီမှာ ရရှိနေတာဖြစ်ပြီး Build Number N960FXXU5ETF5 နဲ့ File Size အနေနဲ့ 1.2GB ဝန်းကျင် Download ပြုလုပ်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။ တခြားသော Region တွေအနေနဲ့ကတော့ မကြာခင်မှာ Settings ထဲကနေတစ်ဆင့် အလွယ်တကူ Update ပြုလုပ်နိုင်မှာပါ။

ယခု OneUI 2.1 Update နဲ့အတူ Galaxy S20 Series ဖုန်းတွေမှာပါဝင်တဲ့ Feature အများအပြားကို Galaxy Note 9 ဖုန်းအတွက်ရရှိလာမှာဖြစ်ပြီး အထူးသဖြင့် Camera ပိုင်းမှာ Single Take ၊ Pro Video ၊ AR Zone လိုမျိုး Feature တွေလည်းပါဝင်လာမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Quick Share ၊ Music Share လိုမျိုး Feature အသစ်တွေလည်း ပါဝင်လာဦးမှာပါ။

Samsung Galaxy Note 9 ဖုန်းတွေဟာ OneUI 2.1 Update နဲ့အတူ June 2020 Android Security Patch လည်း ရရှိလာမှာဖြစ်ပြီး မကြာခင်မှာ တခြားသော Region တွေအပြင် Galaxy S9 ၊ S9+ ဖုန်းတွေပါ Update ပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။

Ref – GSM Arena