Samsung ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက Galaxy Note 20 Series ဖုန်းတွေနဲ့အတူ One UI 2.5 Update အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ One UI 2.5 Update ဟာ Wireless Dex ၊ Nearby Share နဲ့တခြားသော Feature အသစ်တွေပါဝင်ခဲ့ပေမယ့် Android 10 OS ကိုပဲ အခြေခံထားတုန်းဖြစ်ပါတယ်။

အဲ့ဒီအတွက် Samsung ကနေ Android 11 OS ကို အခြေခံထားတဲ့ One UI 3.0 Update ကို ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းက စတင်စမ်းသပ်နေခဲ့တာဖြစ်ပါတယ်။ အခုလည်း South Korea အခြေစိုက် Samsung Beta Manager ကနေ မကြာခင်မှာ အဆိုပါ One UI 3.0 Update ကို Galaxy S20 Series စမတ်ဖုန်းတွေအနေနဲ့ ရရှိတော့မယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

အခုလိုမျိုး One UI 3.0 Update ကို ရရှိတော့မယ်ဆိုပေမယ့်လည်း Stable Version တော့မဟုတ်သေးဘဲ Public Beta အနေနဲ့ပဲ အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အဆိုပါ One UI 3.0 Public Beta ဟာ Stable Android 11 OS ကို အခြေခံထားမှာဖြစ်တဲ့အတွက် သိသိသာသာ Error နဲ့ Bug တွေရှိမှာမဟုတ်ဘူးလို့ ယူဆရပါတယ်။

Samsung ရဲ့ ပြောကြားချက်အရတော့ အဆိုပါ Public Beta ကို Download ပြုလုပ်နိုင်တဲ့ Region တွေကို ကြေညာသွားမှာဖြစ်ပြီး Samsung Members App ကနေတစ်ဆင့် Sign Up ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။ လောလောဆယ်မှာ South Korea မှာ အရင်ဆုံးရရှိမှာဖြစ်ပြီး နောက်ပိုင်းမှာ EU ၊ US နဲ့ တခြားသော Region တွေမှာပါ ထုတ်ပေးသွားမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် One UI 3.0 Update ဟာ လက်ရှိ Closed Beta ထွက်ရှိထားတဲ့အတိုင်းဆိုရင် Gesture Navigation ၊ Privacy နဲ့ Permission Feature အသစ်တွေ၊ Conversation Bubbles နဲ့ Smart Home Controls တွေပါဝင်လာမှာဖြစ်ပါတယ်။

Ref – GSM Arena