Samsung India က Galaxy S24 Series ကို ကြိုတင်မှာယူမှုဟာ စံချိန်တင်နေပြီး ၃ ရက်အတွင်း အလုံးရေ ၂၅၀,၀၀၀ ကျော် မှာယူထားတယ်လို့ ကြေညာလိုက်ပါတယ်။ အရင်နှစ်ထုတ် Galaxy S23 Series ဟာ ၃ ပတ်ကျော်ကြာမှ အလုံးရေ ၂၅၀,၀၀၀ ကို ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။

Samsung unveils AI-powered Galaxy S24 that can translate calls and texts

Samsung က Galaxy S24 Series ထဲမှာ ရောင်းအား အကောင်းဆုံး မော်ဒယ်ကို မပြောပေမယ့် အားလုံးထဲမှာ စွမ်းရည်အမြင့်ဆုံး ဖြစ်တဲ့ Galaxy S24 Ultra က ရောင်းအား အကောင်းဆုံး ဖြစ်နိုင်ပါတယ်။

ဒီနှစ် ကြိုတင်မှာယူသူတွေကို အရင်နှစ်က အတိုင်း ဘောနပ်စ် ပေးမှာ ဖြစ်ပြီး ပိုမြင့်တဲ့ Storage မော်ဒယ်ကို တူညီတဲ့ ဈေးနှုန်းနဲ့ ရမှာ ဖြစ်ပါတယ်။ ဥပမာ အနေနဲ့ 512GB မော်ဒယ်ကို 256GB မော်ဒယ်ရဲ့ ဈေးနှုန်းနဲ့ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

အိန္ဒိယမှာ Galaxy S24 Series ရဲ့ ဈေးနှုန်းတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

Samsung post record-breaking Galaxy S24 pre-orders in India

Samsung Galaxy S24 Series တွေရဲ့ အဓိက စွမ်းရည်က Galaxy AI လို့ ခေါ်တဲ့ ဉာဏ်ရည်တု နည်းပညာ ဖြစ်ပါတယ်။ Search Function ၊ ဓါတ်ပုံ ပြင်တာနဲ့ တခြား နေရာတွေမှာ AI လုပ်ဆောင်ချက်တွေကို အသုံးပြုနိုင်ပါတယ်။

Ref : gsmarena