ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Samsung က Galaxy S20 FE 5G အတွက် One UI 4.1 Update ကို ဖြန့်ချိပေးလိုက်ပြီး အခုတော့ 4G Version ရဲ့ အလှည့် ကျရောက်လာပါပြီ။ နိုင်ငံပေါင်းစုံက Exynos နဲ့ Snapdragon 4G Version ၂ ခုစလုံးအတွက် Update ကို ဖြန့်ချိပေးလိုက်တာပါ။

Samsung One UI 4.1 (Android 12) update roll out tracker [Cont. updated]

ဒါ့အပြင် One UI 4.1 Update ကို Galaxy A71 5G အတွက်ပါ ထုတ်ပေးလိုက်တာ ဖြစ်ပြီး အဲဒီ ဖုန်းဟာ One UI 4.0 ကို ကျော်ကာ One UI 4.1 ကို တန်းရသွားတာ ဖြစ်ပါတယ်။ One UI 4.1 ဟာ Galaxy A71 5G အတွက် ပထမဆုံး Android 12 Update ဖြစ်ပါတယ်။ ယူအေအီးနဲ့ ကိုရီးယားမှာ ရောင်းချထားတဲ့ A71 5G အလုံးတွေဟာ One UI 4.1 နဲ့ March 2022 Security Patch Level ကို ပထမဆုံးရကြတာပါ။

One UI 4.1 arrives for more Samsung phones; see which

One UI 4.1 ရတဲ့ နောက် ၁ လုံးက Galaxy A52s 5G ဖြစ်ပြီး ဥရောပနဲ့ ကိုရီးယားက အလုံးတွေမှာ စတင် ရရှိနေပြီ ဖြစ်ကာ တခြား နိုင်ငံတွေအတွက် မကြာခင် ဖြန့်ချိနိုင်ပါတယ်။ A52s 5G ရဲ့ One UI 4.0 မှာ Bugs နဲ့ ပြဿနာများစွာ ပါတဲ့အတွက် One UI 4.1 မှာ အဲဒါတွေကို ပြင်ဆင်ပေးထားမယ်လို့ ထင်ပါတယ်။ Update မှာ March 2022 Security Patch လည်း ထည့်သွင်းထားပါတယ်။

အခု Update ကို Over-the-air ကနေ ဖြန့်ချိပေးတာ ဖြစ်တဲ့အတွက် သင့် စမတ်ဖုန်းမှာ မရသေးရင် ရက်အနည်းငယ် စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။ Update ရတဲ့ Notification မတက်လာသေးရင် Settings> Software Update မှာ သင်ကိုယ်တိုင် စစ်ဆေးနိုင်ပါတယ်။

Ref : gsmarena