Unicode

၂၀၁၉ ခုနှစ်ဟာ မျိုးဆက်သစ် 5G နက်ဝပ်အတွက် တိုက်ပွဲတွေ အစပျိုးတဲ့ ခုနှစ်ဆိုရင်လည်း မမှားပါဘူး။ အဓိက စမတ်ဖုန်းကုမ္ပဏီကြီးတွေက သူတို့ရဲ့ Flagship တွေအတွက် ဆွဲဆောင်စရာအဖြစ် 5G သုံးစွဲနိုင်စွမ်းကို စတင်ထည့်သွင်းလာခဲ့သလို ပြိုင်ဘက်ကုမ္ပဏီတွေကလည်း 5G တိုက်ပွဲမှာတော့ နောက်ကျမကျန်ရအောင် အစွမ်းကုန် ကြိုးစားလာခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

ဒီကြားထဲမှာ ၂၀၁၉ ခုနှစ်အတွက် 5G တိုက်ပွဲမှာတော့ တောင်ကိုရီးယားအခြေစိုက် Samsung ကုမ္ပဏီက အနိုင်နဲ့ နှစ်ကူးနိုင်ခဲ့ပါတယ်။ Samsung ဟာ ၂၀၁၉ ခုနှစ်မှာ 5G ဟန်းဆက်အများဆုံး တင်ပို့ရောင်းချနိုင်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပြီး စုစုပေါင်း အလုံးရေ ၆.၇ သန်းထိ ဈေးကွက်ထဲအရောက် တင်ပို့နိုင်ခဲ့တာပါ။ နိုဝင်ဘာလအထိ ဒေတာတွေအရဆိုရင် တစ်ကမ္ဘာလုံးမှာ တင်ပို့နေတဲ့ 5G ဟန်းဆက်တွေရဲ့ ၅၄% ဟာ Samsung တံဆိပ်ဖြစ်တယ်လို့ ဆိုပါတယ်။

Samsung ရဲ့ ပထမဆုံး 5G စမတ်ဖုန်းကတော့ Galaxy S10 5G ဖြစ်ပြီး ၂၀၁၉ ခုနှစ်အစောပိုင်းမှာပဲ ထွက်ပေါ်လာခဲ့တာပါ။ သူ့နောက်ကနေ လိုက်လာတာက ဒုတိယနှစ်ဝက်ပိုင်းမှာထွက်လာတဲ့ Galaxy Note10 5G နဲ့ Note10+ 5G တို့ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Galaxy A90 5G နဲ့ Galaxy Fold 5G တို့ပါ ထွက်ရှိလာခဲ့ပါတယ်။

အဓိက 5G ဈေးကွက်တစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ Samsung ရဲ့ ဇာတိ တောင်ကိုရီးယားဈေးကွက်တို့ဟာ Samsung ရဲ့အောင်မြင်မှုမှာ အဓိကနေရာကနေ ပါဝင်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်မှာလည်း Samsung ဟာ ဒီအရှိန်ကို ဆက်ထိန်းထားမယ့်ပုံပေါ်နေပြီး မကြာခင်မိတ်ဆက်လာမယ့် Galaxy Tab S6 5G ဟာ ကမ္ဘာ့ပထမဆုံး 5G သုံးစွဲနိုင်တဲ့ တက်ဘလက်ဖြစ်လာဦးမှာပါ။

Ref – GSM Arena

Zawgyi

၂၀၁၉ ခုႏွစ္ဟာ မ်ဳိးဆက္သစ္ 5G နက္ဝပ္အတြက္ တုိက္ပြဲေတြ အစပ်ဳိးတဲ့ ခုႏွစ္ဆုိရင္လည္း မမွားပါဘူး။ အဓိက စမတ္္ဖုန္းကုမၸဏီႀကီးေတြက သူတုိ႔ရဲ႕ Flagship ေတြအတြက္ ဆြဲေဆာင္စရာအျဖစ္ 5G သုံးစြဲႏိုင္စြမ္းကို စတင္ထည့္သြင္းလာခဲ့သလို ၿပိဳင္ဘက္ကုမၸဏီေတြကလည္း 5G တုိက္ပြဲမွာေတာ့ ေနာက္က်မက်န္ရေအာင္ အစြမ္းကုန္ ႀကိဳးစားလာခဲ့တာကို ေတြ႕ျမင္ခဲ့ရပါတယ္။

ဒီၾကားထဲမွာ ၂၀၁၉ ခုႏွစ္အတြက္ 5G တုိက္ပြဲမွာေတာ့ ေတာင္ကိုရီးယားအေျခစုိက္ Samsung ကုမၸဏီက အႏုိင္နဲ႔ ႏွစ္ကူးႏုိင္ခဲ့ပါတယ္။ Samsung ဟာ ၂၀၁၉ ခုႏွစ္မွာ 5G ဟန္းဆက္အမ်ားဆုံး တင္ပုိ႔ေရာင္းခ်ႏုိင္ခဲ့တဲ့ ကုမၸဏီျဖစ္ၿပီး စုစုေပါင္း အလုံးေရ ၆.၇ သန္းထိ ေစ်းကြက္ထဲအေရာက္ တင္ပို႔ႏုိင္ခဲ့တာပါ။ ႏုိဝင္ဘာလအထိ ေဒတာေတြအရဆုိရင္ တစ္ကမာၻလုံးမွာ တင္ပို႔ေနတဲ့ 5G ဟန္းဆက္ေတြရဲ႕ ၅၄% ဟာ Samsung တံဆိပ္ျဖစ္တယ္လို႔ ဆုိပါတယ္။

Samsung ရဲ႕ ပထမဆုံး 5G စမတ္ဖုန္းကေတာ့ Galaxy S10 5G ျဖစ္ၿပီး ၂၀၁၉ ခုႏွစ္အေစာပုိင္းမွာပဲ ထြက္ေပၚလာခဲ့တာပါ။ သူ႕ေနာက္ကေန လိုက္လာတာက ဒုတိယႏွစ္ဝက္ပုိင္းမွာထြက္လာတဲ့ Galaxy Note10 5G နဲ႔ Note10+ 5G တုိ႔ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Galaxy A90 5G နဲ႔ Galaxy Fold 5G တုိ႔ပါ ထြက္ရွိလာခဲ့ပါတယ္။

အဓိက 5G ေစ်းကြက္တစ္ခုျဖစ္တဲ့ တရုတ္ႏုိင္ငံနဲ႔ Samsung ရဲ႕ ဇာတိ ေတာင္ကိုရီးယားေစ်းကြက္တုိ႔ဟာ Samsung ရဲ႕ေအာင္ျမင္မႈမွာ အဓိကေနရာကေန ပါဝင္ခဲ့ပါတယ္။ ၂၀၂၀ ခုႏွစ္မွာလည္း Samsung ဟာ ဒီအရွိန္ကို ဆက္ထိန္းထားမယ့္ပုံေပၚေနၿပီး မၾကာခင္မိတ္ဆက္လာမယ့္ Galaxy Tab S6 5G ဟာ ကမာၻ႕ပထမဆုံး 5G သုံးစြဲႏုိင္တဲ့ တက္ဘလက္ျဖစ္လာဦးမွာပါ။

Ref – GSM Arena