Unicode

တောင်ကိုရီးုယားအခြေစိုက် Samsung မှ သူတို့ရဲ့ ပထမဆုံး Foldable ဟန်းဆက် Galaxy Fold ကို ဒေါ်လာ ၂၀၀၀ ကျော် တန်ဖိုးနဲ့ မိတ်ဆက်လာစဉ်က ဒီလောက်ဈေးကြီးတဲ့ ဟန်းဆက်ကို ဝယ်မယ့်လူ ရှိပါ့မလားလို့ အများက စိုးရိမ်ခဲ့ကြပါတယ်။

ဒါပေမယ့် Samsung Galaxy Fold တွေဟာ မိတ်ဆက်လာတဲ့ ဈေးကွက်တိုင်းမှာ အခြေအနေကောင်းခဲ့ပြီး အလျှင်အမြန်ရောင်းကုန်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ Samsung ကတော့ ဘယ်လောက်ထိ ရောင်းချနိုင်ခဲ့တယ်ဆိုတဲ့ အရေအတွက်ကို လုံးဝ ထုတ်ဖော်မပြောခဲ့ပါဘူး။

ပြီးခဲ့တဲ့လတုန်းက Samsung ကုမ္ပဏီမှ တာဝန်ရှိသူတစ်ယောက်က Galaxy Fold အလုံးရေတစ်သန်းကျော် ရောင်းချပြီးပြီလို့ ဆိုကြောင်း သတင်းထွက်လာခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ Samsung က ငြင်းဆိုခဲ့ပါတယ်။

ယနေ့မှာတော့ Samsung အမှုဆောင်အရာရှိချုပ် DJ Koh ကနေ Fold ရဲ့ ရောင်းချပြီးယူနစ်အရေအတွက်ဟာ လေးသိန်းကနေ ငါးသိန်းအတွင်း ရှိတယ်လို့ တိုက်ရိုက်ထုတ်ပြန်ပေးခဲ့ပါတယ်။ လက်ရှိကျင်းပနေတဲ့ CES ပွဲတော်ရဲ့ အင်တာဗျူးအပိုင်းမှာ အခုလို ထုတ်ပြန်ပြောကြားခဲ့တာဖြစ်ပြီး ဒီပမာဏဟာ အရမ်းအထင်ကြီးချင်စရာ မဟုတ်သော်လည်း သူ့ရဲ့ ဈေးနှုန်းနဲ့ယှဉ်ရင် အခြေအနေကောင်းတယ်လို့ ဆိုရမှာပါ။

ရှေ့ကိုမျှော်ကြည့်ရင်တော့ Galaxy Fold 2 ဟာ ဒေါ်လာတစ်ထောင်လောက် ပိုနည်းတဲ့ ဈေးနှုန်းနဲ့ သိပ်မကြာခင် မိတ်ဆက်လာမယ်လို့ ယူဆရတာကြောင့် အခုချိန်မှ ဝယ်ယူမယ့်သူတွေအတွက် စဉ်းစားစရာ ဖြစ်နေမှာပါ။ Samsung ရဲ့ ဒုတိယမျိုးဆက် Fold ဟန်းဆက်ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ Galaxy S20 လိုင်းအပ်နဲ့အတူ မြင်တွေ့ရဖို့ မျှော်လင့်ရပါတယ်။

Ref – GSM Arena

Zawgyi

ေတာင္ကုိရီးုယားအေျခစိုက္ Samsung မွ သူတုိ႔ရဲ႕ ပထမဆုံး Foldable ဟန္းဆက္ Galaxy Fold ကို ေဒၚလာ ၂၀၀၀ ေက်ာ္ တန္ဖိုးနဲ႔ မိတ္ဆက္လာစဥ္က ဒီေလာက္ေစ်းႀကီးတဲ့ ဟန္းဆက္ကို ဝယ္မယ့္လူ ရွိပါ့မလားလို႔ အမ်ားက စုိးရိမ္ခဲ့ၾကပါတယ္။

ဒါေပမယ့္ Samsung Galaxy Fold ေတြဟာ မိတ္ဆက္လာတဲ့ ေစ်းကြက္တုိင္းမွာ အေျခအေနေကာင္းခဲ့ၿပီး အလွ်င္အျမန္ေရာင္းကုန္ခဲ့တယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။ Samsung ကေတာ့ ဘယ္ေလာက္ထိ ေရာင္းခ်ႏုိင္ခဲ့တယ္ဆုိတဲ့ အေရအတြက္ကို လုံးဝ ထုတ္ေဖာ္မေျပာခဲ့ပါဘူး။

ၿပီးခဲ့တဲ့လတုန္းက Samsung ကုမၸဏီမွ တာဝန္ရွိသူတစ္ေယာက္က Galaxy Fold အလုံးေရတစ္သန္းေက်ာ္ ေရာင္းခ်ၿပီးၿပီလို႔ ဆုိေၾကာင္း သတင္းထြက္လာခဲ့ေပမယ့္ သိပ္မၾကာခင္မွာပဲ Samsung က ျငင္းဆုိခဲ့ပါတယ္။

ယေန႔မွာေတာ့ Samsung အမႈေဆာင္အရာရွိခ်ဳပ္ DJ Koh ကေန Fold ရဲ႕ ေရာင္းခ်ၿပီးယူနစ္အေရအတြက္ဟာ ေလးသိန္းကေန ငါးသိန္းအတြင္း ရွိတယ္လို႔ တုိက္ရုိက္ထုတ္ျပန္ေပးခဲ့ပါတယ္။ လက္ရွိက်င္းပေနတဲ့ CES ပြဲေတာ္ရဲ႕ အင္တာဗ်ဴးအပုိင္းမွာ အခုလို ထုတ္ျပန္ေျပာၾကားခဲ့တာျဖစ္ၿပီး ဒီပမာဏဟာ အရမ္းအထင္ႀကီးခ်င္စရာ မဟုတ္ေသာ္လည္း သူ႕ရဲ႕ ေစ်းႏႈန္းနဲ႔ယွဥ္ရင္ အေျခအေနေကာင္းတယ္လို႔ ဆုိရမွာပါ။

ေရွ႕ကိုေမွ်ာ္ၾကည့္ရင္ေတာ့ Galaxy Fold 2 ဟာ ေဒၚလာတစ္ေထာင္ေလာက္ ပိုနည္းတဲ့ ေစ်းႏႈန္းနဲ႔ သိပ္မၾကာခင္ မိတ္ဆက္လာမယ္လို႔ ယူဆရတာေၾကာင့္ အခုခ်ိန္မွ ဝယ္ယူမယ့္သူေတြအတြက္ စဥ္းစားစရာ ျဖစ္ေနမွာပါ။ Samsung ရဲ႕ ဒုတိယမ်ဳိးဆက္ Fold ဟန္းဆက္ကို ေဖေဖာ္ဝါရီ ၁၁ ရက္ေန႔မွာ Galaxy S20 လိုင္းအပ္နဲ႔အတူ ျမင္ေတြ႕ရဖို႔ ေမွ်ာ္လင့္ရပါတယ္။

Ref – GSM Arena