Samsung ရဲ့ နောက်ဆုံးပေါ် နည်းပညာမြင့် စမတ်ဖုန်းတွေဖြစ်တဲ့ Galaxy S24 Series ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၅) ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့အခမ်းအနားကြီးကတစ်ဆင့် မြန်မာနိုင်ငံစျေးကွက်မှာ တရားဝင် မိတ်ဆက်ပေးလာခဲ့ပြီ ဖြစ်ပါတယ်။ အသစ်ထွက်ရှိလာတဲ့ Galaxy S24 Series တွေက Galaxy AI အပါအဝင် Epic အဖြစ်ဆုံး တီထွင်ဖန်တီးမှုတွေနဲ့ မိုဘိုင်းနည်းပညာရဲ့ ခေတ်သစ်တခုကို ဖော်ဆောင်လာတဲ့ ပရီမီယံ စမတ်ဖုန်းတွေအဖြစ်လည်း ကမ္ဘာတဝှမ်းမှာ ရေပန်းစားလျက်ရှိနေတာပါ။

စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တဲ့ အဆိုပါအခမ်းအနားကို Samsung ရဲ့ မိတ်ဖက်လုပ်ငန်းရှင်တွေ၊ စာနယ်ဇင်းမိတ်ဆွေတွေ၊ ဖိတ်ကြားထားတဲ့ အထူးဧည့်သည်တော်တွေနဲ့အတူ Team Galaxy အဖွဲ့ဝင်တွေဖြစ်တဲ့ မေတိုးခိုင်၊ ပိုးမမီသာ၊ ပန်းရောင်ခြယ်တို့နဲ့၊  နာမည်ကျော် Beauty Blogger ဝင်းမင်းသန်း၊ ရုပ်ရှင်သရုပ်ဆောင်နဲ့ အဆိုတော် နေထွဋ် အပါအဝင် နာမည်ကျော် အနုပညာရှင်များ၊ Influencers များစွာကပါ တက်ရောက်ခဲ့ကြတာဖြစ်ပြီး Epic အဖြစ်ဆုံး အခမ်းအနားအစီအစဉ်တွေ၊ ရင်သပ်ရှုမောစရာ ဖျော်ဖြေမှုတွေနဲ့ ကျင်းပသွားခဲ့တာပဲ ဖြစ်ပါတယ်။

အခမ်းအနားအဖွင့်အစီအစဥ်အနေနဲ့ ပထမဆုံး Galaxy AI ဖုန်းမိတ်ဆက်ပွဲကို တက်ရောက်လာတဲ့အတွက် ကြိုဆိုပြီး အနာဂတ်ကို Galaxy S24 Series နဲ့ အတူပုံဖော်လိုက်ကြရအောင် ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ Samsung Myanmar ရဲ့ Head of Mobile Experience Group ဖြစ်သူကိုတင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားပေးခဲ့ပါတယ်။

ပထမဦးဆုံး ဖျော်ဖြေမှုအစီအစဉ်ကိုတော့ လူငယ်အများကြား လက်တလော ရေပန်းစားလျက်ရှိတဲ့ အဆိုတော် Gunn ရဲ့ Epic အဖြစ်ဆုံး သီဆိုဖျော်ဖြေမှုတွေနဲ့ စတင်လိုက်တာပဲ ဖြစ်ပါတယ်။

ဆက်လက်ပြီး Samsung Myanmar ရဲ့ Product Marketing Manager ဒေါက်တာ စုဒီဇင်ဘာစိုးက အသစ်ထွက်ရှိလာတဲ့ Galaxy S24 Series အကြောင်းကို ရှင်းလင်ပြောပြပေးခဲ့ပြီး Samsung Galaxy S24 Series မှာ ပါဝင်တဲ့ AI လုပ်ဆောင်ချက်တွေကို ပိုမိုသိနားလည်ပြီး အသုံးချနိုင်စေဖို့အတွက် နာမည်ကျော် Content Creator တစ်ဦးဖြစ်သူ Jimmy ကလည်း Experience Sharing အစီအစဉ်ကနေ Galaxy AI နဲ့ ပတ်သတ်ပြီး စိတ်ဝင်စားဖွယ် မျှဝေပေးခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Samsung Galaxy S24 Ultra နဲ့ ရိုက်ကူးထားပြီး Team Galaxy အဖွဲ့ဝင်တွေဖြစ်တဲ့ မေတိုးခိုင်၊ ပိုးမမီသာ၊ ပန်းရောင်ခြယ်တို့ အမိုက်စား အားဖြည့်ပါဝင်ထားတဲ့ “Into The Galaxy AI” ဗီဒီယိုကိုပြသခဲ့ပါတယ်။ Galaxy S24 Ultra နဲ့အတူ ဘယ်လို Mission တွေလုပ်သွားသလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ရှုစားခဲ့ရတာဖြစ်ပြီး Galaxy S24 Ultra ရဲ့ ပြောင်မြောက်တဲ့ ရိုက်ချက်အရည်အသွေးကို ပရိတ်သတ်များကလည်း များစွာ နှစ်သက်သဘောကျလျက်ရှိပါတယ်။ တဆက်ထဲမှာပဲ Team Galaxy ကနေ Samsung Galaxy S24 Series ကို မြန်မာနိုင်ငံစျေးကွက်မှာ မိတ်ဆက်ပေးလိုက်ပြီး Preorder မှာယူရင် ရရှိနိုင်မယ့် အထူးအခွင့်အရေးတွေအကြောင်းကိုပါ ပြောပြပေးခဲ့ပါတယ်။

ဆက်လက်ပြီး “Into The Galaxy AI” ဗီဒီယိုကို Galaxy S24 Ultra  စမတ်ဖုန်းတွေနဲ့ ရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာ ကို့သစ်ကလည်း ရိုက်ကူးခဲ့စဉ်က အတွေ့အကြုံတွေကို စိတ်ဝင်စားဖွယ် ပြောပြပေးခဲ့ပါသေးတယ်။ ရိုက်ကူးစဉ်တလျှောက် Pro Mode နဲ့ Auto Focus တို့ကို အဓိက အသုံးပြုရိုက်ကူးခဲ့တာဖြစ်ပြီး အရည်အသွေးကောင်းတဲ့ ရုပ်ထွက်ရလာသလို Stabilization အပိုင်းမှာလည်း အလွန်ငြိမ်ပြီး ကောင်းမွန်တာကိုလည်း ချီးကျူးပြောဆိုခဲ့ပါတယ်။ Titanium ကိုယ်ထည်ကို ပထမဆုံး အသုံးပြုလာတဲ့ Galaxy ဖုန်းတွေဖြစ်တာကြောင့် ရိုက်ကူးစဥ်တလျှောက်လည်း ပေါ့ပေါ့ပါးပါး ကိုယ်တိုင်ရလွယ်ကူခဲ့သလို အလွန်အကြမ်းခံကြောင်းလည်း ပြောပြခဲ့ပါသေးတယ်။

ထို့နောက်မှာတော့ ရုပ်ရှင်သရုပ်ဆောင်နဲ အဆိုတော်ဖြစ်သူ နေထွဋ်က အသစ်ထွက်ရှိလာတဲ့ သီချင်းအသစ် “Feelings” ကို ပထမဆုံးအနေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ပြီး၊ အဆိုပါသီချင်းရဲ့ Music Video ကို Galaxy S24 Ultra စမတ်ဖုန်းတွေနဲ့ ရိုက်ကူးခဲ့တာဖြစ်ကြောင်းကိုလည်း ရိုက်ကူးစဉ်က အတွေ့အကြုံတွေနဲ့တကွ ဝေမျှပေးခဲ့ပါတယ်။

Team Galaxy အဖွဲ့ဝင် ပန်းရောင်ခြယ်ကလည်း Galaxy AI ရဲ့ လုပ်ဆောင်ချက်တွေဖြစ်တဲ့ Chat Assist နဲ့ Live Traslate တွေကို အမိုက်စား သရုပ်ဖော်ပြသတဲ့ ဖျော်ဖြေမှုတွေနဲ့ ပရိတ်သတ်အားလုံးရဲ့ အာရုံကို ဖမ်းစားခဲ့ပါသေးတယ်။

ထွက်ရှိလာတဲ့ သီချင်းအသစ်တွေကြောင့် လတ်တလော ရေပန်းစားလျက်ရှိတဲ့ အဆိုတော် Bunny Phyo တို့ကလည်း အမိုက်စားဖျော်ဖြေ သရုပ်ဖော်မှု အစီအစဉ်တွေနဲ့ တင်ဆက်ခဲ့ပါတယ်။

“ထူးခြားဆန်းသစ်ရုံမက နေ့စဉ်ဘဝမှာပါ လက်တွေ့အသုံးချလိုရတဲ့ နည်းပညာတွေကို Samsung ကနေ အသစ်မိတ်ဆက်လိုက်တဲ့ Galaxy S24 Series မှာ အားလုံးလည်း တွေ့မြင်ရမှာပါ။ ဒီလို ဆန်းသစ်တီထွင်မှုတွေကနေ ရရှိလာတဲ့ Epic အဖြစ်ဆုံး လုပ်ဆောင်ချက်တွေ နဲ့ ပိုမိုကောင်းမွန်တဲ့ လူနေမှုဘဝကို ရရှိလာနိုင်စေပြီး Galaxy AI နဲ့ မိုဘိုင်းနည်းပညာရဲ့ ခေတ်သစ်တစ်ခုကို အစပျိုးလိုက်နိုင်တဲ့အတွက်လည်း ဝမ်းသာဂုဏ်ယူမိပါတယ်။ တဆက်ထဲမှာလည်း ဒီလို စဉ်ဆက်မပြတ် တီထွင်ဖန်တီးမှုတွေကို အမြဲနှစ်သက်အားပေးလျက်ရှိတဲ့ Samsung ချစ်သူတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်” လို့ Samsung Myanmar ရဲ့ Head of Mobile Experience Group ဖြစ်သူကိုတင်မောင်ဝင်း က ပြောကြားခဲ့ပါတယ်။

မိတ်ဆက်ပြသသွားတဲ့ ထုတ်ကုန်သစ်တွေဖြစ်တဲ့ Galaxy S24 Series စမတ်ဖုန်းတွေကို အောက်ပါစျေးနှုန်းတွေအတိုင်း Pre-Order ကာလဖြစ်တဲ့ ဇန်နဝါရီလ ၁၈ ရက်ကနေ ဖေဖော်ဝါရီလ ၆ ရက် အတွင်း ကြိုတင်မှာယူနိုင်မှာ ဖြစ်ပါတယ်။

• Galaxy S24 Ultra (12/256 GB) – ၄,၉၉၉,၀၀၀၀ ကျပ်

• Galaxy S24+ (12/256 GB) – ၃,၈၈၉,၀၀၀ ကျပ်

• Galaxy S24 (8/256 GB) – ၃,၁၉၉,၀၀၀ ကျပ်

Galaxy S24 Series ကို Pre-Order ကာလအတွင်း ကြိုတင်မှာယူမှုတွေအတွက် အောက်ပါ အထူးခံစားခွင့်တွေကို လည်း ပေးအပ်လျက်ရှိပါတယ်။

• Galaxy S24 Series ထဲက ဘယ်ဖုန်းမဆို ကြိုတင်မှာယူမယ်ဆိုရင် Storage ကို နှစ်ဆ မြှင့်တင်ပေးထားတဲ့ မော်ဒယ်ကို ရရှိသွားမှာဖြစ်လို့ Galaxy S24 Ultra နဲ့ Galaxy S24+ ကို (12/512 GB) နဲ့ရရှိနိုင်မှာဖြစ်ပြီး၊ Galaxy S24 ကိုတော့ (8/ 512 GB) နဲ့ ရရှိနိုင်မှာပါ။

• Epic Gift တွေဖြစ်တဲ့ Standing Grip Case နဲ့ Travel Adapter တွေကိုလည်း လက်ဆောင်ရယူနိုင်မှာ ဖြစ်ပါတယ်။

• လက်ရှိကိုင်ဆောင်နေတဲ့ ဖုန်းအဟောင်းနဲ့ Trade-In ပြုလုပ်ပြီး လဲလှယ်ဝယ်ယူမယ်ဆိုရင်လည်း Galaxy S24 Ultra ကို မှာယူမယ်ဆိုရင် ၅၀၀,၀၀၀ ကျပ် Trade-In Disount နဲ့ Galaxy S24+ နဲ့ Galaxy S24 ကို မှာယူမယ်ဆိုရင်တော့ ၄၀၀,၀၀၀ ကျပ် Trade-In Disount တွေကို ရရှိနိုင်ဦးမှာပါ။

• Galaxy S24 Series ကို Preorder ကာလ အတွင်း နဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့နောက်ပိုင်းမှာ ဝယ်ယူသူတိုင်းအတွက်အရှေ့မှန် မျက်နှာပြင် မတော်တဆ ကွဲခြင်းအတွက် ၇၀% နဲ့ အနောက်ကိုယ်ထည် အတွက် ၁၀၀% သက်သာခွင့်တွေကို တစ်နှစ်အတွင်း တစ်ကြိမ် ခံစားခွင့်ရမယ့် Samsung Care+အစီအစဉ်ကို ပေးအပ်သွားမှာဖြစ်ပါတယ်။

• Preorder ကာလအတွင်း ၀ယ်ယူမှုတွေအတွက် အထက်ပါ Samsung Care+ အစီအစဉ်အပြင် အထူးထပ်‌ဆောင်းအခွင့်အရေးအနေနဲ့  မတော်တဆဖြစ်ပြီး အရှေ့မှန် မျက်နှာပြင်နဲ့ အနောက်ကိုယ်ထည် ကွဲခြင်းတွေအတွက် ဝယ်ယူတဲ့နေ့ကနေ ၃ လအတွင်း ၁၀၀% သက်သာခွင့် တစ်ကြိမ် ပေးအပ်သွားမယ့် အစီအစဉ်ကိုလည်း ရရှိနိုင်ီဥးမှာပါ။

• ဒါတင်မကဘဲ AYA PAY, CB Bank Credit Card တို့နဲ့လည်း ၆ လ အတိုးမဲ့ အရစ်ကျ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

• Galaxy S24 Series ထဲက ဘယ်ဖုန်းမဆို သတ်မှတ်ထားတဲ့ Galaxy Watch Series သို့ Galaxy Buds နဲ့ တွဲဖက်ဝယ်ယူမယ်ဆိုရင်လည်း အောက်ပါအတိုင်း အထူးလျှော့စျေးတွေ ပေးသွားမှာပါ။

o Galaxy Watch5 Series (သို့) Galaxy Watch6 Series ဖြစ်စေ Galaxy Buds FE (သို့) Galaxy Buds2 Pro ဖြစ်စေနဲ့ တွဲဖက်ဝယ်ယူမယ်ဆို ၂၅ % သက်သာခွင့်နဲ့၊

o Galaxy Watch5 Series (သို့) Galaxy Watch6 Series နဲ့ Galaxy Buds FE (သို့) Galaxy Buds2 Pro အပါအဝင် Galaxy S24 Series ဖုန်းတစ်လုံးနဲ့အတူ ထုတ်ကုန် ၃ ခုလုံး ကို ဝယ်ယူမယ်ဆိုရင်တော့ ၃၅% အထိ သက်သာခွင့်တွေ ရရှိသွားနိုင်မှာ ဖြစ်ပါတယ်။

• အထက်ပါ အထူးခံစားခွင့်တွေ အားလုံးကိုတော့ ကြိုတင်မှာယူနိုင်တဲ့ကာလမှာ Pre-order တင်ပြီး ဝယ်ယူထားတဲ့ ဖုန်းတွေအတွက်ပဲ ရရှိနိုင်မှာ ဖြစ်ပါတယ်။

Preorder မှာယူမယ်ဆိုရင်တော့ ဒီ လင့်ခ် [https://bit.ly/47Kin1M] ကနေ Preorder Form ကိုဖြည့်ပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့မတိုင်ခင် ကြိုတင် Preorder မှာယူနိုင်ပါတယ်။

Galaxy S24 series နဲ့ပတ်သတ်ပြီး ပိုမို သိရှိလိုတယ်ဆိုရင်တော့ Samsung Newsroom, Samsungmobilepress.com နဲ့ Samsung.com တို့မှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Media release: samsung