Samsung က ဇူလိုင်လ ၁၀ ရက်နေ့မှာ ပဲရစ်မှာ Unpacked Event ကို ကျင်ပမှာ ဖြစ်ပြီး ကုမ္ပဏီက အဲဒီပွဲရဲ့ ကြော်ငြာ Billboard တွေကို လွှင့်တင်လိုက်ပါတယ်။ ကုမ္ပဏီက ပြိုင်ဖက်တွေလို အွန်လိုင်းကနေ ကြော်ငြာတာ မဟုတ်ဘဲ ကမ္ဘာ့ နိုင်ငံများစွာမှာ ကြီးမားတဲ့ Billobard တွေကို လွှင့်တင်လိုက်ပါတယ်။

Samsung starts hyping up July 10 Unpacked event with billboards across the globe

အဲဒီ Billboard တွေကို Bangkok, Brasília, Dubai, Ho Chi Minh City, London, Madrid, New York, Seoul, Tokyo နဲ့ Warsaw အပါအဝင် နိုင်ငံများစွာမှာ လွှင့်တင်ထားပါတယ်။ ဒစ်ဂျစ်တယ် Billboard မှာ ပြားချပ်တဲ့ မျက်နှာပြင်ပေါ်မှာ 3D Cube ၁ ခု လှည့်ပတ်နေတာ မြင်ရပါတယ်။ ပဲရစ်မှာ မိတ်ဆက်မယ့်အတွက် အီဖယ်မျှော်စင်ကို ပြသထားပြီး Galaxy AI Logo ရဲ့ ကြယ် ၄ ပွင့်ကို မြင်ရပါတယ်။

Samsung starts hyping up July 10 Unpacked event with billboards across the globe

Samsung က အဲဒီပွဲကို ခမ်းခမ်းနားနား ကျင်းပဖို့ စီစဉ်ထားပြီး ကုမ္ပဏီက အဲဒီပွဲမှာ လူတွေရဲ့ တီထွင်ဖန်တီးမှု၊ ကုန်ထုတ်စွမ်းအား မြင့်မားမှု၊ ဆက်သွယ်မှု အပိုင်းတွေမှာ ပိုကောင်းလာမယ်လို့ ကြေညာထားပါတယ်။

အဲဒီ Unpacked Event မှာ Samsung ဟာ  Galaxy Z Fold6, Galaxy Z Flip6, Galaxy Watch7, Galaxy Watch Ultra နဲ့ Galaxy Ring ကို ကြေညာမှာ ဖြစ်ပါတယ်။

Ref : gsmarena