Samsung ကနေ ပြီးခဲ့တဲ့နှစ်တုန်းက Write Speed ကို 410MB/s အထိရှိတဲ့ eUFS 3.0 Storage တွေကို မိတ်ဆက်သွားခဲ့ပါတယ်။ အခုလည်း အဆိုပါ eUFS 3.0 ထက် Sequential Write Speed ၃ ဆပိုပြီး မြန်ဆန်လာမယ့် 512GB eUFS 3.1 Storage တွေကို အမြောက်အများထုတ်လုပ်နေပြီလို့သိရပါတယ်။

အဆိုပါ 512GB eUFS 3.1 Storage တွေဟာ ပထဆုံးအနေနဲ့ Sequential Write Speed 1GB/s အထက်ရရှိလာမယ့် Storage အမျိုးအစားဖြစ်လာမှာဖြစ်ပြီး Flagship ဖုန်းတွေအတွက် အဓိကရည်ရွယ်သွားမယ်လို့သိရပါတယ်။ Samsung ရဲ့ Memory Sales & Marketing ရဲ့ Vice President ဖြစ်တဲ Cheol Choi ကတော့ အခု eUFS 3.1 Storage အသစ်က ပုံမှန် Storage တွေမှာ တွေ့ကြုံရတဲ့အခက်အခဲကို လုံးဝဖျောက်နိုင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီ Samsung 512GB eUFS 3.1 Storage တွေဟာ ပုံမှန် SATA SSD တစ်ခုထက် ၂ ဆလောက်ကို Write Speed မှာမြန်ဆန်နေပြီး UHS-I MicroSD Card ထက် ၁၀ ဆ လောက်ကို ပိုပြီးမြန်ဆန်နေတာလည်းဖြစ်ပါတယ်။ ဒီလိုမျိုး မြန်ဆန်လာတဲ့အတွက် ဖုန်းကို Data Transfer တွေတင်မဟုတ်ဘဲ 8K Video တွေကြည့်ရှုတဲ့အချိန်မှာပါ သိသိသာသာတိုးတက်လာမှာပါ။

ဒီလိုမျိုး eUFS 3.1 ဟာ 100GB File ကို ၁ မိနစ်အတွင်း Data Transfer ပြုလုပ်နိုင်မှာဖြစ်ပြီး ပုံမှန် UFS 3.0 ဖုန်းတွေဆိုရင် ၄ မိနစ်ခန့်အချိန်ယူရမှာဖြစ်ပါတယ်။

Ref – GSM Arena