Fairchild Semiconductor နဲ့ Intel ရဲ့ တွဲဖက်တည်ထောင်သူ Gordon Moore က ပေါင်းစည်းထားတဲ့ Circuit (IC) အတွင်းက Transistor အရေအတွက်ဟာ နှစ်စဉ်နှစ်တိုင်း နှစ်ဆတိုးလာတယ်လို့ ၁၉၆၅ ကတည်းက ပြောခဲ့ဖူးပါတယ်။ ၁၉၇၀ ပြည့်နှစ်မှာတော့ Transistor အရေအတွက်ဟာ တစ်နှစ်ထက်တစ်နှစ် နှစ်ဆတိုးလာတယ်လို့ ပြင်ဆင်ပြောဆိုခဲ့ပါတယ်။

အခုအချိန်အထိလည်း Moore ရဲ့ လေ့လာတွေ့ရှိချက်ဖြစ်တဲ့ Moore’s Law က မှန်ကန်နေဆဲလို့ ဆိုရမှာပါပဲ။ TSMC နဲ့ Samsung တို့လို ထိပ်တန်းစက်ရုံတွေရဲ့ နောက်ဆုံးပေါ် Chip တွေကလည်း Moore’s Law က ဘယ်လိုဆိုတာကို ပြောပြနေတာပါပဲ။ Process node သေးငယ်လေ၊ IC တစ်ခုထဲ ထည့်သွင်းနိုင်တဲ့ Transistor အရေအတွက် ပိုများလေဆိုတာက သိသာထင်ရှားနေပါတယ်။

Transistor အရေအတွက်များလေ၊ ပိုပြီးစွမ်းဆောင်ရည်မြင့်၊ ပိုပြီးစွမ်းအင်သုံးစွဲမှုသက်သာတဲ့ Chip တစ်ခု ဖြစ်လေလေပါပဲ။ Samsung ဟာ သူ့ရဲ့ 10nm SoCs တွေကို ၂၀၁၆ ခုနှစ်မှာ စပြီးရောင်းချခဲ့တာပါ။ ၂၀၁၈ မှာတော့ 7nm chipset တွေကို အမြောက်အများ ထုတ်လုပ်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ 5nm chipset တွေကို အမြောက်အများထုတ်လုပ်ခဲ့ပြီး အခုအချိန်မှာတော့ ပြိုင်ဘက် TSMC ကိုတောင် ကျော်ဖြတ်ပြီး 3nm GAA chipset တွေကို အဦးဆုံးတင်ပို့ရောင်းချနိုင်တဲ့ ကုမ္ပဏီဖြစ်လာခဲ့ပါပြီ။

GAA ဟာ Great-all-around transistors ပါရှိတဲ့ Chip ကို ဆိုလိုတာပါ။ GAA နဲ့အတူ Power efficiency ရလဒ်က ပိုပြီးထူးကဲလာခဲ့သလို လက်ရှိစီးဆင်းမှုကိုလည်း ပိုပြီးထိန်းချုပ်လာနိုင်ပါတယ်။ TSMC ကတော့ သူ့ရဲ့ 3nm SoC တွေအတွက် အရင်ကမျိုးဆက် FinFET transistor ဒီဇိုင်းကို ဆက်အသုံးပြုနေဆဲဖြစ်ပါတယ်။ ထိုင်ဝမ်ကုမ္ပဏီဟာ သူ့ရဲ့ 3nm chipset တွေကို ဒီနှစ်ရဲ့ ဒုတိယနှစ်ဝက်အတွင်း စတင်ရောင်းချမှာ ဖြစ်ပါတယ်။

လွတ်လပ်ပြီးအမှီအခိုကင်းမဲ့တဲ့ ကမ္ဘာ့ထိပ်တန်း Foundry TSMC ဟာ သူ့ရဲ့ 2nm process note နဲ့အတူ GAA ကို စတင်အသုံးပြုမှာဖြစ်ပြီး ၂၀၂၆ ခုနှစ်မှာ ဖောက်သည်တွေဆီ စတင်ပေးပို့နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ လက်ရှိအချိန်မှာတော့ Samsung က 3nm chip တွေကို TSMC ထက်အရင် ဈေးကွက်ထဲကို ပို့ဆောင်နိုင်တာဖြစ်ပါတယ်။

Ref: Phone Arena