Samsung ဟာ လုံးဝမပိတ်သွားခင်မှာ ဖုန်းဘက်ထရီပမာဏက ဘယ်လောက်ကြာရှည်ခံဦးမယ်ဆိုတာကို ခန့်မှန်းနိုင်တဲ့ Android OS နဲ့ဆက်နွယ်သက်ဆိုင်တဲ့ မူပိုင်ခွင့်ပြဿနာတစ်ရပ်ကြောင့် တရားစွဲဆိုခြင်းခံထားရပါတယ်။ ဒီတရားစွဲဆိုခံရမှုဟာ Samsung တင်မကဘဲ အခြား Android OEMs တွေအပေါ်လည်း သက်ရောက်လာနိုင်တာ ဖြစ်ပါတယ်။

မူပိုင်ခွင့် လိုင်စင်ကုမ္ပဏီ ဖြစ်တဲ့ K. Mizra LLC, က မေလ ၂၀ ရက်နေ့က တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ ကြိုတင်ထည့်သွင်းထားတဲ့ Android-based feature ဟာ အမှန်တကယ်အားဖြင့် Nederlandse Organisatie voor Togepast Natuurwetenschappelijk Onderzoe (TNO) လို့ခေါ်တဲ့ Dutch research institute က တီထွင်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီ Feature ဟာ “စမတ်ဖုန်းလိုမျိုး မိုလ်ဘိုင်းလ် Device ရဲ့ ကျန်ရှိတဲ့ ဘက်ထရီသက်တမ်းကို အဆင့်မြင့်မြင့်တွက်ချက် ခန့်မှန်းနိုင်တယ်” လို့ K. Mizra က ဆိုပါတယ်။ “ခန့်မှန်းချက်ဟာ သုံးစွဲသူရဲ့ အပြုအမူကို ပိုင်းခြားစိတ်ဖြာတဲ့ Algorithms တွေအပေါ် အခြေခံထားပါတယ်။” လို့လည်း ထပ်ပြီးရှင်းပြထားပါသေးတယ်။

“သုံးစွဲသူရဲ့ အပြုအမူကို ပိုင်းခြားစိတ်ဖြာခြင်းအားဖြင့် ကျန်ရှိတဲ့ ဘက်ထရီသက်တမ်းကို ရရှိခြင်းဟာ ဥပမာအားဖြင့် ထုတ်လုပ်သူက ထုတ်ကုန်ဖန်တီးမှုအတွင်း အချိန်အတော်များများယူပြီး စမ်းသပ်မှုတွေပြုလုပ်သလိုပါပဲ” လို့ ထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။ Android OS ရဲ့ Younger version ကို အသုံးပြုထားတဲ့ Samsung ဟာ ဒီမူပိုင်ခွင့်ကို ချိုးဖောက်တယ်လို့ K. Mizra က ယုံကြည်ပါတယ်။

ဒီနည်းပညာကိုအသုံးပြုနေတာဟာ Samsung တစ်ခုတည်းတော့ မဟုတ်ပါဘူး။ ဥပမာအားဖြင့် Xiaomi နဲ့ Google တို့ကလည်း အလားတူအသုံးပြုထားကြတာပါပဲ။ ဒါပေမဲ့ Android younger version ကိုအသုံးပြုထားတဲ့ Device တွေကို ပစ်မှတ်ထားတဲ့အတွက် နောက်ဆုံးထွက် Software ကိုအသုံးပြုထားတဲ့ Android Device သစ်တွေကိုတော့ ထိခိုက်မှာမဟုတ်ဘူးလို့ သိရပါတယ်။

ဒီတရားစွဲဆိုခံရမှုဟာ Samsung အတွက် ဆိုးရွားတဲ့သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ တစ်ဆက်တည်းဆိုသလို အလားတူနည်းပညာကို အသုံးပြုနေတဲ့ အခြားသောကုမ္ပဏီတွေအတွက်လည်း သက်ရောက်မှု ဖြစ်လာနိုင်တာပါ။

Ref: Android Central