Samsung ဟာ လာမယ့်ရက်သတ္တပတ်အတွင်းမှာ Camera ပိုင်းကို ဦးစားပေးထားတဲ့ Galaxy F Series ဖုန်းအသစ်တွေကို မိတ်ဆက်မယ်ဆိုပြီး သတင်းတွေထွက်နေတာဖြစ်ပါတယ်။ အခုအချိန်မှာတေ့ာ Samsung India Twitter စာမျက်နှာကနေ Galaxy F Series ဖုန်းတွေမိတ်ဆက်တော့မယ့်အကြောင်းကို တရားဝင်အတည်ပြုလိုက်ပါပြီ။

ဒါကတော့ Galaxy India ရဲ့ Twitter Account ကနေ ဖော်ပြခဲ့တာဖြစ်ပြီး “#GalaxyF” အပြင် “#FullOn” ဆိုတဲ့ Tagline တွေကို အသုံးပြုထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Galaxy F Series ဖုန်း Design အပါအဝင် ဖုန်းနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။

လက်ရှိထွက်ရှိထားတဲ့သတင်းတွေအရတော့ Galaxy F41 ဖုန်းဟာ ပထမဆုံးသော Galaxy F Series ဖုန်းဖြစ်လာမှာဖြစ်ပါတယ်။ Model Number အနေနဲ့ကတော့ SM-F415F လို့ သတ်မှတ်ထားပြီးတော့ လောလောဆယ်မှာ India နိုင်ငံမှာ အရင်ဆုံးမိတ်ဆက်သွားမယ့်ပုံစံပါပဲ။

Galaxy F41 စမတ်ဖုန်းဟာ Waterdrop Notch ပါဝင်တဲ့ Display ပါဝင်မှာဖြစ်ပြီး အနောက်ဖက်မှာလည်း Triple Camera Setup နဲ့ Fingerprint Sensor တွေပါဝင်မှာဖြစ်ပါတယ်။ USB-C Port အပြင် Headphone Jack ပါထည့်သွင်းထားပါသေးတယ်။ Performance အနေနဲ့ကတော့ Exynos 9611 Chipset ကို အသုံးပြုထားပြီး 6GB RAM လည်းပါဝင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Galaxy F Series ဖုန်းတွေဟာ Mid Range ဖုန်းတွေပဲဖြစ်လာမှာဖြစ်ပြီး Camera ပိုင်းကို ဦးစားပေးထားမယ့်အတွက် ဘယ်လိုမျိုး Feature တွေပါဝင်မလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – GSM Arena