Samsung ဟာ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ စွမ်းဆောင်ရည်မြင့် Galaxy S21 Series ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Samsung ဟာ Galaxy S21 Series မတိုင်ခင် အိန္ဒိယမှာ Galaxy M Series စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာတော့မယ်လို့ သတင်းထွက်လာပါတယ်။

Samsung tipped to launch a new Galaxy M series smartphone in India next week

အဲဒီ Galaxy M Series စမတ်ဖုန်း အသစ်ကို နောက် ၁ ပတ်အတွင်း အိန္ဒိယမှာ ကြေညာတော့မှာ ဖြစ်ပြီး ပေါက်ကြားထွက်ပေါ်လာတဲ့ ပိုစတာ အရ အရွယ်ကြီး မျက်နှာပြင်နဲ့ ဆဲလ်ဖီး ကင်မရာ အတွက် အရွယ်သေး Notch ထည့်သွင်းထားမယ်လို့ သိရပါတယ်။

ပိုစတာအရ အဲဒီ စမတ်ဖုန်းမှာ ပါဝါ ခလုတ်နဲ့ အသံခလုတ်တွေကို ညာဘက်ခြမ်းမှာ တပ်ဆင်ထားတာ မြင်ရပါတယ်။ ဒါပေမယ့် ပိုစတာမှာ စမတ်ဖုန်းရဲ့ Specifications နဲ့ တခြား သတင်းအချက်အလက်တွေကို ဖော်ပြထားတာ မရှိပါဘူး။

Leaked render of Samsung Galaxy M12

ဒါပေမယ့် ပိုစတာမှာ #MAXUP Hashtag လို့ ရေးသားထားတဲ့အတွက် အရွယ်ကြီး ဘက်ထရီ ပါလာနိုင်တဲ့ အထောက်အထား ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းဟာ Galaxy M12 လို့လည်း သတင်းထွက်နေပေမယ့် ပေါက်ကြားနေတဲ့ Galaxy M12 ရဲ့ ဓါတ်ပုံတွေမှာ ပါဝါနဲ့ အသံခလုတ်တွေရဲ့ တည်နေရာက မတူညီပါဘူး။

Ref : gsmarena