[Zawgyi]
၂၀၁၉ ခုႏွစ္ရဲ႕ ပထမသုံးလပတ္ကာလ ၿပီးဆုံးေတာ့မယ့္အခ်ိန္မွာ ကိုရီးယား ကုမၸဏီႀကီးဟာ ေမွ်ာ္မွန္းထားတဲ့ ေဈးကြက္အေျခအေနနဲ႔ လြဲေခ်ာ္ခဲ့ရၿပီ ျဖစ္ပါတယ္။ ဒီ ပထမသုံးလပတ္ ကာလအတြင္း Chip နဲ႔ Display panels ဝယ္လိုအားဟာ ေမွ်ာ္မွန္းထားတာထက္ ပိုၿပီးေလ်ာ့နည္းေနခဲ့တယ္လို႔ သိရပါတယ္။
Samsung Electronics ရဲ႕ စုစုေပါင္းဝင္ေငြအနက္ ေလးပုံသုံးပုံေလာက္ဟာ Chip နဲ႔ Display panels ေဈးကြက္ေတြကေနတစ္ဆင့္ ဝင္ေရာက္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ ၂၀၁၉ အေစာပိုင္းကာလာမွာေတာ့ ဒီအပိုင္းႏွစ္ခုရဲ႕ အေရာင္းအဝယ္ဟာ အေတာ္ေလးကို ေႏွးေကြးသြားခဲ့တာနဲ႔ ႀကဳံေတြ႕ခဲ့ရပါတယ္။
Samsung ရဲ႕ အဓိက ျပႆနာဟာ ၿပိဳင္ဘက္ေတြက ပိုေကာင္းတဲ့ ကုန္ပစၥည္းကို ေရာင္းခ်လာၾကတာထက္ ပိုနည္းတဲ့ ေဈးႏႈန္းကို ကမ္းလွမ္းလာႏိုင္ၾကတဲ့အတြက္ေၾကာင့္ပါ။ အထူးသျဖင့္ LTPS LCDs ေဈးကြက္မွာ ျဖစ္ပါတယ္။ Memory ေဈးကြက္ကေတာ့ လြန္ခဲ့တဲ့ ၂ ႏွစ္ေလာက္ကတည္းကစၿပီး တျဖည္းျဖည္း ေလ်ာ့က်လာခဲ့တာ ျဖစ္ပါတယ္။
အတြင္းသတင္းေတြအရဆိုရင္ေတာ့ ဒီလိုမ်ိဳး ေမွ်ာ္မွန္းပမာဏနဲ႔ လြဲေခ်ာ္ရျခင္းဟာ ပထမသုံးလပတ္ ကာလသာျဖစ္ၿပီး ၂၀၁၉ ရဲ႕ ဒုတိယႏွစ္ဝက္ပိုင္းမွာေတာ့ ျပန္လည္ေကာင္းမြန္လာမယ္လို႔ ကုမၸဏီက ေမွ်ာ္လင့္ေနေၾကာင္း သိရပါတယ္။ Samsung Electronics ရဲ႕ အေရာင္းအဝယ္ နည္းပါးျခင္းဟာ ေတာင္ကိုရီးယားရဲ႕ စီးပြားေရးအေျခအေနကိုလည္း သက္ေရာက္မႈ ရွိတယ္လို႔ သိရပါတယ္။
Ref: GSMArena
[Unicode]
၂၀၁၉ ပထမသုံးလပတ်မှာ မျှော်မှန်းထားသလောက် အလုပ်မဖြစ်ခဲ့တဲ့ Samsung
၂၀၁၉ ခုနှစ်ရဲ့ ပထမသုံးလပတ်ကာလ ပြီးဆုံးတော့မယ့်အချိန်မှာ ကိုရီးယား ကုမ္ပဏီကြီးဟာ မျှော်မှန်းထားတဲ့ ဈေးကွက်အခြေအနေနဲ့ လွဲချော်ခဲ့ရပြီ ဖြစ်ပါတယ်။ ဒီ ပထမသုံးလပတ် ကာလအတွင်း Chip နဲ့ Display panels ဝယ်လိုအားဟာ မျှော်မှန်းထားတာထက် ပိုပြီးလျော့နည်းနေခဲ့တယ်လို့ သိရပါတယ်။
Samsung Electronics ရဲ့ စုစုပေါင်းဝင်ငွေအနက် လေးပုံသုံးပုံလောက်ဟာ Chip နဲ့ Display panels ဈေးကွက်တွေကနေတစ်ဆင့် ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၉ အစောပိုင်းကာလာမှာတော့ ဒီအပိုင်းနှစ်ခုရဲ့ အရောင်းအဝယ်ဟာ အတော်လေးကို နှေးကွေးသွားခဲ့တာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
Samsung ရဲ့ အဓိက ပြဿနာဟာ ပြိုင်ဘက်တွေက ပိုကောင်းတဲ့ ကုန်ပစ္စည်းကို ရောင်းချလာကြတာထက် ပိုနည်းတဲ့ ဈေးနှုန်းကို ကမ်းလှမ်းလာနိုင်ကြတဲ့အတွက်ကြောင့်ပါ။ အထူးသဖြင့် LTPS LCDs ဈေးကွက်မှာ ဖြစ်ပါတယ်။ Memory ဈေးကွက်ကတော့ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းကစပြီး တဖြည်းဖြည်း လျော့ကျလာခဲ့တာ ဖြစ်ပါတယ်။
အတွင်းသတင်းတွေအရဆိုရင်တော့ ဒီလိုမျိုး မျှော်မှန်းပမာဏနဲ့ လွဲချော်ရခြင်းဟာ ပထမသုံးလပတ် ကာလသာဖြစ်ပြီး ၂၀၁၉ ရဲ့ ဒုတိယနှစ်ဝက်ပိုင်းမှာတော့ ပြန်လည်ကောင်းမွန်လာမယ်လို့ ကုမ္ပဏီက မျှော်လင့်နေကြောင်း သိရပါတယ်။ Samsung Electronics ရဲ့ အရောင်းအဝယ် နည်းပါးခြင်းဟာ တောင်ကိုရီးယားရဲ့ စီးပွားရေးအခြေအနေကိုလည်း သက်ရောက်မှု ရှိတယ်လို့ သိရပါတယ်။
Ref: GSMArena