တောင်ကိုရီးယား မီဒီယာ ETNews က Samsung ဟာ ၂၀၂၁ ခုနှစ်မှာ Folding စမတ်ဖုန်း ၄ လုံး ထုတ်မယ်လို့ သတင်းပေးလာပါတယ်။ Z Fold မော်ဒယ် ၂ လုံးနဲ့ Z Flip မော်ဒယ် ၂ လုံး ဖြစ်မယ်လို့ သိရပါတယ်။ Samsung ဟာ Galaxy Note Series ကို မထုတ်လုပ်တော့ဘူးလို့ သတင်းထွက်နေသလို စွမ်းရည်မြင့် Galaxy S Series ကိုလည်း ပုံမှန်ထက်စောပြီး ကြေညာမယ်လို့ သိရပါတယ်။ Foldable ဖုန်းတွေကိုတော့ နောက်နှစ် ဒုတိယ နှစ်ဝက်ကျမှ ချပြနိုင်ပါတယ်။ Note Series ကို ရပ်နားပြီး Galaxy S21 Series မှာ S Pen ထည့်ထားမယ်လို့ ပေါက်ကြားနေပါတယ်။

Samsung Galaxy Z Fold 3 Tipped to Come With Two Hinges, Three Folding Screens, Sliding Keyboard | Technology News

Samsung ဟာ Galaxy Z Fold2 ရဲ့ မျိုးဆက်သစ် Z Fold3 အပါအဝင် ၂ လုံးနဲ့ Galaxy Z Flip မျိုးဆက်သစ် ၂ လုံးကို ချပြမှာပါ။ Z Fold3 လိုပဲ Z Flip3 လို့ နာမည်ပေးထားနိုင်ပါတယ်။ အဲဒီ မတူညီတဲ့ မော်ဒယ်တွေမှာ ကွဲပြားတဲ့ လုပ်ဆောင်ချက်နဲ့ စွမ်းရည်တွေ ပါလာမှာပါ။ အဲဒီ ဖုန်း အသစ် အားလုံးမှာ 5G ပါလာမှာ ဖြစ်ပြီး ဩဂုတ်လလောက်မှာ အမြောက်အများ စတင် ထုတ်လုပ်နိုင်ပါတယ်။

High-quality images of the possible Galaxy Z Fold 3 with sliding keyboard

Samsung ဟာ စွမ်းရည်မြင့် Z Fold3 အတွက် S Pen ကို ထည့်သွင်းပေးဖို့ စီစဉ်ထားပါတယ်။ S Pen ပါမယ်ဆိုတာ Galaxy Fold ကတည်းက သတင်းထွက်နေတာပါ။ ဒါပေမယ့် ပထမနဲ့ ဒုတိယမျိုးဆက် Fold တွေရဲ့ မျက်နှာပြင်ဟာ S Pen သုံးလို့ရအောင် မကြံ့ခိုင်ပါဘူး။ Z Fold3 မှာ S Pen သုံးလို့ရအောင် Samsung က ဘယ်လို ဖန်တီးထားမလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

၂၀၂၂ ကို လှမ်းမျှော်ကြည့်ရင်တော့ Samsung ဟာ Rollable ဖုန်းတွေကို ထုတ်လုပ်ရောင်းချမယ်လို့ ထင်ပါတယ်။ LG ကတော့ Rollable ဖုန်းကို ပြိုင်ဖက်တွေထက် စောစွာ ကြေညာဖို့ ပြင်ဆင်နေပါတယ်။ ကြေညာမယ့် အချိန်ကိုတော့ မသိရသေးပါဘူး။ ၂၀၂၁ ကတော့ Foldable ဖုန်းတွေ၊ Rollable ဖုန်းတွေ မြိုင်မြိုင်ဆိုင်ဆိုင် ထွက်လာမယ်လို့ ထင်ပါတယ်။

Ref : gsmarena