ကိုဗစ် ကာလမှာ အိမ်ကနေ အလုပ်လုပ်နိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေ လုပ်ဆောင်လာကြပါတယ်။ Samsung ရဲ့ သုတေသန စစ်တမ်းအရ တီဗီနဲ့ လူမှုကွန်ရက်တွေ သုံးတာ၊ ဗီဒီယို ဖုန်းပြောတာတွေဟာ ၅၀ ရာခိုင်နှုန်းကျော် များလာတယ်လို့ သိရပါတယ်။

နေအိမ်ကနေ အလုပ်လုပ်နေတဲ့ လူတွေဟာ ၈၂ ရာခိုင်နှုန်းရှိပြီး ကိုဗစ် ကာလမှာ အိမ်ကနေ အလုပ်လုပ်ဖို့ အကောင်းဆုံး ဖုန်းဟာ Galaxy Z Fold2 လို့ Samsung က ပြောပါတယ်။ Samsung က ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ်ဆိုပေမယ့် Galaxy Z Fold2 ဟာ မျက်နှာပြင် ကြီးသလို Multitasking လုပ်လို့ အရမ်းကောင်းတဲ့အတွက် အလုပ်ကိစ္စတွေအတွက် အရမ်း အသုံးဝင်မှာ သေချာပါတယ်။ ကွန်ပြူတာ ၁ လုံးလိုတောင် အလုပ်လုပ်နိုင်မှာပါ။

လူ ၁၀ ယောက်မှာ ၈ ယောက်ဟာ အလုပ်ကိစ္စအတွက် စမတ်ဖုန်းကို အသုံးပြုနေကြပြီး ၇၆ ရာခိုင်နှုန်းဟာ Foldable ဖုန်းတွေကို အသုံးပြုချင်ကြတယ်လို့ Samsung ရဲ့ စစ်တမ်းက ဖော်ပြထားပါတယ်။ ၆၄ ရာခိုင်နှုန်းဟာ အရွယ်ကြီး မျက်နှာပြင်ပါပြီး သယ်ယူရလွယ်ကူတဲ့ Foldable ဖုန်းကို လိုချင်ကြပါတယ်။ ၄၆ ရာခိုင်နှုန်းက Viewing Experience ပိုကောင်းတာကို နှစ်သက်ကြပါတယ်။

ဒီစစ်တမ်းဟာ Samsung က Galaxy Z Fold2 ကို ရောင်းကောင်းအောင် ကြော်ငြာနေတာ သိပ်သိသာပါတယ်။ Samsung ညွှန်းနေသလိုပဲ အဲဒီ စမတ်ဖုန်းဟာ စွမ်းရည်မြင့်မားပြီး အလုပ်ကိစ္စတွေအတွက် အရမ်းကို အသုံးဝင်မှာပါ။ Gsmarena ရဲ့ Review မှာလည်း မှတ်ချက် ကောင်းကောင်းရထားပါတယ်။

Ref : gsmarena