မနေ့ကပဲ Apple က Worldwide Developers Conference မှာ iOS 26, watchOS 26 နဲ့ AI Feature အသစ်တချို့ကို ကြေညာခဲ့ပါတယ်။ အခုတော့ Samsung ရဲ့အမေရိကန် ဌာနက Samsung Device တွေမှာ ရထားပြီးသား Feature တွေကို ကြေညာခဲ့တဲ့ Apple ကို လှောင်ပြောင်လိုက်ပါတယ်။
အရင်ဆုံး Samsung က Apple ရဲ့ Operating System အားလုံးမှာ ကြီးကြီးမားမား ပြောင်းလဲထားတဲ့ UI ကို ဒဲ့ဆော်လိုက်ပါတယ်။ Samsung က X လူမှုကွန်ရက်မှာ “ Customizable Apps လား? Floating Bars လား? Glass UI ဆိုတာလား? အဲဒါတွေဟာ ရင်းနှီးပြီးသားတွေ ဖြစ်ပါတယ်။ “ လို့ ရေးသားထားပါတယ်။ အဲဒါတွေဟာ Samsung Device တွေမှာ ရထားပြီးသားလို့ ဆိုလိုတာပါ။
Customizable apps? Floating bars? That sleek glass UI? Looks… familiar
— Samsung Mobile US (@SamsungMobileUS) June 9, 2025
အဲဒီနောက်မှာ Samsung က Apple ရဲ့ Live Translation ကို ဆော်လိုက်ပါတယ်။ Samsung က သူ့ရဲ့ Device တွေမှာ ရထားတာတော်တော်ကြာပြီလို့ ရေးသားထားပါတယ်။
New to live translations? Welcome aboard! We’ve been translating text and speech in real-time for a while now… #GalaxyAI
— Samsung Mobile US (@SamsungMobileUS) June 9, 2025
နောက်ဆုံးမှာတော့ Apple Watches အတွက် ကြေညာခဲ့တဲ့ AI Feature တွေကို လှောင်ပြောင်လိုက်ပြီး “ Watch မှာ AI လာပြီ ဆိုလား? မိုက်တော့မိုက်ပါတယ်။ ဒါပေမယ့် Samsung Watch တွေမှာ ရထားပြီးသားပါ။ “ လို့ ရေးသားထားပါတယ်။
AI is coming to your watch? Cute. Ours already knows when you’re too tired to care
#GalaxyAI
— Samsung Mobile US (@SamsungMobileUS) June 9, 2025
Ref : gsmarena