Apple ဟာ မကြာခင်က iPad Pro အသစ်ရဲ့ “Crush” အမည်ရ ကြော်ငြာကို မျှဝေခဲ့ပြီး ဝေဖန်မှုများစွာ ခံခဲ့ရပါတယ်။ Apple က တရားဝင်တောင်းပန်ခဲ့ရပြီး TV မှာ မထုတ်လွှင့်တော့ဘူးလို့တောင် ကတိပေးခဲ့ရပါတယ်။ ဗီဒီယိုမှာ ဂီတတူရိယာ ပစ္စည်းတွေ၊ အနုပညာလက်ရာတွေ၊ ပန်းပုရုပ်တုတွေ၊ ဂိမ်းစက်တွေကို ဖိချေတဲ့ စက်ကြားထဲ ထည့်ထားပါတယ်။ စက်က အဲဒီ ပစ္စည်းအားလုံးကို ဖိချေပြီးနောက်မှာ iPad Pro အသစ် ထွက်လာပါတယ်။ သဘောကတော့ အဲဒီပစ္စည်းတွေ အားလုံး မလိုအပ်ဘဲ iPad Pro ပဲ လိုအပ်တယ်ဆိုတဲ့ သဘော ဖြစ်ပါတယ်။ အဲဒီဗီဒီယိုကို အောက်မှာ ကြည့်နိုင်ပါတယ်။

အခုတော့ Samsung ကလည်း Apple ရဲ့ ကြော်ငြာကို ဗီဒီယို ၁ ခုနဲ့ လှောင်ပြောင်လိုက်ပါတယ်။ Samsung ရဲ့ ဗီဒီယို အမည်က “UnCrush” ဖြစ်ပြီး “  We would never crush creativity” Tagline ကို သုံးထားပါတယ်။ ဗီဒီယိုမှာ အမျိုးသမီး ၁ ယောက်က ဂစ်တာ အပျက် ၁ လုံးကို ကိုင်ကာ တီးခတ်နေပါတယ်။ စားပွဲပေါ်မှာတော့ Galaxy Tab S9 ကို တင်ထားတာတွေ့ရပါတယ်။

Apple နဲ့ Samsung တို့ဟာ ကမ္ဘာ့ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း ကုမ္ပဏီတွေ ဖြစ်သလို အမြဲတမ်း တစ်ဖက်နဲ့ တစ်ဖက် တိုက်ခိုက်နေကြပါတယ်။

Ref : gsmarena