အခုအချိန်ဟာ အလုပ်ခွင်နဲ့ အပြင်သွားလာနေရတာထက် အိမ်မှာပဲနေဖြစ်တဲ့ အချိန်ကပိုများနေပြီ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ကိုယ့်ရဲ့ အားလပ်ချိန်တွေမှာ ပိုပြီးအဆင်ပြေပြေနဲ့ အဆင့်မြင့်မြင့်နေထိုင်နိုင်ဖို့ကလည်း အရေးကြီးတဲ့နေရာကို ရောက်ရှိလာပါပြီ။ အရင်တုန်းက အပြင်မှာပဲရှိနေတဲ့အချိန်မှာ အသုံးမဝင်ဘူးလို့ ထင်နိုင်ပေမယ့် အခုအချိန်မှာတော့ အိမ်အတွက် အရင်ဆုံး အဆင့်မြှင့်တင်သင့်တဲ့အရာတစ်ခု ရှိနေပါတယ်။ ဒါကတော့ ကိုယ့်ရဲ့ နေအိမ်ဧည့်ခန်းအတွင်းက TV ပဲဖြစ်မှာပါ။

TV စျေးကွက်ဟာ အခုနောက်ပိုင်းမှာ Smart TV တွေဆိုပြီး ခေတ်စားလာကြပြီဖြစ်သလို ယခင်တုန်းကထက်လည်း နည်းပညာပိုင်းအရရော၊ အရည်အသွေးပိုင်းအရပါ သိသိသာသာကို တိုးတက်လာပြီဖြစ်ပါတယ်။ ယခု Article ထဲမှာ ပြောသွားမယ့် Samsung ရဲ့ 2020 Model အသစ်တွေဖြစ်တဲ့ TU 7000 နဲ့ Q60T Smart TV တွေဆိုရင်လည်း လုံးဝကို ထူးခြားနေတဲ့ နည်းပညာတွေနဲ့ Image Quality တွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

ပြောရမယ်ဆိုရင် Samsung က အမြဲခေတ်ရှေ့ပြေးနည်းပညာတွေနဲ့ ဦးဆောင်နေပြီး TV တွေကို ထုတ်လုပ်လာခဲ့တာ အခုဆိုရင် နှစ် (၅၀) တိုင်တိုင်ရှိခဲ့ပါပြီ။ အခုလို နှစ်ရှည်ကြာရပ်တည်နိုင်ဖို့ဆိုတာ နည်းပညာပိုင်းတိုးတက်တီထွင်နိုင်မှုအပြင် ထုတ်လုပ်သမျှ ကုန်ပစ္စည်းတိုင်းရဲ့ အရည်အသွေးကောင်းမှုနဲ့ သုံးစွဲသူတွေရဲ့ အားပေးထောက်ခံမှုတွေလည်းရရှိဖို့ လိုအပ်ပါတယ်။ အခုလို ဆယ်စုနှစ် ၅ ခုတိုင် ရပ်တည်နိုင်ခဲ့တဲ့ Samsung ရဲ့ ၂၀၂၀ ထုတ်ကုန် Global No. 1 TV တွေနဲ့အတူ ဘယ်လိုမျိုး ဘယ်လိုနေထိုင်မှုဘဝကို မြှင့်တင်ကြမလဲ ကြည့်လိုက်ရအောင်။

အရင်ဆုံး ဒီ Samsung TU 7000 ဆိုရင် Screen Size ကို 43” ကနေ 75” အထိ၊ Q60T ဆိုရင်လည်း 50” ကနေ 85” အထိစိတ်ကြိုက်ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ကိုယ့်ရဲ့ ဧည့်ခန်းပေါ်မှုတည်ပြီး အဆင်အပြေဆုံးဖြစ်မယ့် Screen Size ကို ရွေးချယ်နိုင်မှာဖြစ်ပြီး Design ပိုင်း ၊ Screen Resolution နဲ့ Image Quality ပိုင်းမှာလည်း Size ကွာသွားလို့ ကြီးကြီးမားမားကွာခြားမှုရှိမှာလည်း မဟုတ်ပါဘူး။

Design ပိုင်းမှာလည်း Samsung ကနေ ယခု 2020 Model Smart TV တွေမှာ Bezel-less Design အသစ်ဖြစ်တဲ့ 3-Side Boundless Design ကို ပြောင်းလဲအသုံးပြုလာတာဖြစ်ပါတယ်။ အဲ့ဒီအတွက် TV ရဲ့ အောက်ခြေဘောာင်ကလွဲပြီး ဘေးဘက်နဲ့ အပေါ်ဘက်တွေမှာ လုံးဝကို ဘောင်ပျောက်အနေနဲ့ Immersive ဖြစ်တဲ့ Cinematic Experience အစစ်ကို ပေးစွမ်းနိုင်မှာပါ။

Samsung Q60T Series
Feature ပိုင်းတွေမှာလည်း Q60T ဟာ QLED နည်းပညာကို အသုံးပြုထားတဲ့ Smart TV အမျိုးအစားဖြစ်ပါတယ်။ ဒီလိုမျိုး QLED ကိုအသုံးပြုထားတာကြောင့် Color Volume ကို 100% အထိ ပေးစွမ်းနိုင်တဲ့ Quantum Dot ၊ Color Tone တွေကို အကောင်းဆုံးဖော်ပြပေးနိုင်တဲ့ Dual LED နည်းပညာအပါအဝင် Quantum HDR လိုမျိုး အမြင့်ဆုံးနည်းပညာတွေကိုပါ ထောက်ပံ့ပေးထားပါသေးတယ်။ Picture Quality ကို အကောင်းဆုံးမြှင့်တင်ပေးနိုင်ဖို့အတွက်လည်း Samsung ရဲ့ ကိုယ်ပိုင် Quantum Processor Lite နဲ့ မောင်းနှင်ထားမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ အသုံးမပြုတဲ့အချိန်မှာ ကိုယ်နေအိမ်ဧည့်ခန်းကို အသက်ဝင်နေတဲ့ ပန်းချီကားတစ်ချပ်အလား လှပနေစေမယ့် ဓါတ်ပုံ Slide Show တွေထည့်သွင်းထားနိုင်တဲ့ Ambient Mode Feature လည်းပါဝင်ဦးမှာပါ။

Samsung TU7000 Series
Samsung TU7000 Series ကတော့ Crystal UHD 4K LCD Display ကို အသုံးပြုထားတဲ့ Smart TV အမျိုးအစားဖြစ်ပါတယ်။ Cinematic Experience ကို အကောင်းဆုံးရရှိစေဖို့အတွက်လည်း အရည်အသွေးအမြင့်ဆုံး 4K UHD Resolution ကို ထောက်ပံ့ပေးနိုင်တဲ့ Crystal Processor 4K နဲ့ HDR နည်းပညာတွေပါဝင်မှာဖြစ်ပါတယ်။ ဒီ 4K UHD Resolution က Netflix လိုမျိုး High Quality Streaming Service တွေကို အသုံးပြုပြီး အိမ်မှာ အေးဆေးရုပ်ရှင်ကြည့်ချင်တဲ့သူတွေအတွက် လုံးဝကို ပိုကောင်းမွန်တဲ့ Details တွေကို ပေးစွမ်းနိုင်မှာပါ။

တကယ်လို့ ကိုယ့်စမတ်ဖုန်းထဲက Video တွေကို Samsung Smart TV ပေါ်မှာ ပြောင်းလဲကြည့်ရှုဖို့အတွက်လည်း ကိုယ့်ဖုန်းကို TV နားမှာ တစ်ချက်ထိလိုက်တာနဲ့ TV ပေါ်မှာကြည့်ရှုနိုင်မယ့် Tap View Feature လည်းပါဝင်မှာပါ၊ အဲ့ဒီအတွက် စမတ်ဖုန်းကနေ TV ကို Mirroring ပြုလုပ်ဖို့အတွက် Setting တွေကို မွှေနှောက်ရှာဖွေနေစရာလိုအပ်မှာမဟုတ်ဘူး။

Samsung TU7000 Series Smart TV တွေမှာဆိုရင် တစ်ခုထက်ပိုတဲ့ Content တွေကို TV ပေါ်မှာ ကြည့်ရှုနိုင်တဲ့ Multi View Feature ကိုပါ Support ပြုလုပ်လာပြီဖြစ်ပါတယ်။ ဒီ Feature က Smart TV မှာကြည့်နေတဲ့ ရုပ်ရှင်ကို မထိခိုက်ဘဲ ဘေးမှာ ဖုန်းကနေ စိတ်ကြိုက်နောက်ထပ် Video ကိုပါ Side by Side Mirroring အနေနဲ့ ကြည့်ရူနိုင်မှာပါ။ အခုနောက်ပိုင်းအသုံးပြုသူများပြားလာတဲ့ Bixby ၊ Alexa နဲ့ Google Assistant လိုမျိုး Voice Assistant တွေနဲ့ ခိုင်းစေနိုင်ဦးမှာဖြစ်ပါတယ်။

 

Samsung TU7000 & Q60T Features
နောက်ပြီးအခုလိုမျိုး Work From Home ပြုလုပ်နေရတဲ့သူတွေအတွက်လည်း Samsung ကနေ ဒီ Smart TV အသစ်တွေမှာ Remote Access ဆိုတဲ့ Feature လည်း ပါဝင်ဦးမှာဖြစ်ပါတယ်။ ဒီ Remote Access Feature ကတော့ ကိုယ့် ကွန်ပျုတာရဲ့ Display ကို TV Screen ပေါ်မှာ Wireless နည်းပညာနဲ့ ဖော်ပြပေးနိုင်မှာပါ။ ဒါတင်မဟုတ်သေးဘဲ ကိုယ့်နေအိမ်ဧည့်ခန်းကနေပဲ Microsoft Office 365 ကိုအသုံးပြုပြီး ရုံးလုပ်ငန်းတွေကို Smart TV ပေါ်မှာပဲ အလုပ်လုပ်နိုင်တာကတော့ အားသာချက်တစ်ခုဖြစ်ဦးမှာပါ။

ဒီလိုမျိုး အလုပ်လုပ်ဖို့အပြင် Game ဆော့ဖို့ စိတ်ကူးနေတဲ့သူတွေအတွက်လည်း Samsung Smart TV အသစ်တွေမှာ Game Enhancer Feature ကို ထည့်သွင်းထားပါသေးတယ်။ အဆိုပါ Game Enhancer Feature ဟာ Game Console တွေနဲ့ ချိတ်ဆက်အသုံးပြုတဲ့အချိန်မှာ Input Lag ကို သိသိသာသာကို လျော့ချပေးနိုင်မှာဖြစ်ပြီး Motion Blur ကြောင့်ဖြစ်တတ်တဲ့ ပြဿနာတွေကိုလည်း ဖြေရှင်းပြီးသားဖြစ်မှာပါ။ ဒီ Feature က နောက်ပိုင်းမှာ Sony PlayStation 5 တို့၊ Xbox Series S ၊ Series X လိုမျိုး Next Gen Gaming Console တွေကို ဝယ်ယူဖို့ စဥ်းစားနေတယ်ဆိုရင် ပိုပြီးတောင် လိုက်ဖက်နေဦးမှာဖြစ်ပါတယ်။

နောက်ထပ် Samsung Smart TV တွေကို ဧည့်ခန်းမှာ ထားမယ်ဆိုရင်လည်း လှပနေစေဖို့အတွက် TV Stand ကနေတစ်ဆင့် Cable တွေကို သွယ်ထားနိုင်တဲ့ Clean Cable Solution နည်းပညာကိုလည်း အသုံးပြုထားပါသေးတယ်။ ဒါတင်မဟုတ်သေးဘဲ ယခင် Samsung Smart TV တွေထဲက နာမည်ကောင်းရရှိထားတဲ့ One Remote Control ကလည်း ပါဝင်လာဦးမှာဖြစ်ပါတယ်။ အဆိုပါ One Remote ဟာ Smart TV တင်မဟုတ်ဘဲ Setup Box တွေ၊ Game Console တွေကိုပါ Remote တစ်ခုထဲကို အသုံးပြုပြီး ခိုင်းစေနိုင်မှာဖြစ်တဲ့အတွက် Remote ပျောက်လို့လိုက်ရှာနေရတာမျိုးလည်း ရှိမှာမဟုတ်တော့ပါဘူး။

Samsung ရဲ့ ယခု Smart TV အသစ်တွေကို စိတ်ဝင်စားလို့ ဝယ်ယူချင်တယ်ဆိုရင် Samsung Website https://www.samsung.com/mm/ ကနေ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ E Commerce Website တွေဖြစ်တဲ့ Shop.com.mm နဲ့ Tomato ကို အသုံးပြုပြီး အိမ်ကနေပဲ အလွယ်တကူဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဒါကအခုလိုမျိုး အိမ်မှာပဲနေရတဲ့အချိန်တွေမှာ သတင်းကောင်းတစ်ခုဖြစ်လာမှာပါ။