Samsung ဟာ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ K-pop တေးဂီတအဖွဲ့ BTS နဲ့ ပူးပေါင်းကာ BTS-branded ထုတ်ကုန်တွေကို ရောင်းချနေပါတယ်။ အခုလည်း တောင်ကိုရီးယား နည်းပညာ ဘီလူးကြီးက နာမည်ကျော် အားကစား သမား အသုံးအဆောင် ပစ္စည်းတွေ ရောင်းချနေတဲ့ Fila နဲ့ လက်တွဲလိုက်ပါတယ်။

Samsung က Fila Galaxy Buds Live ကို ကြေညာလိုက်ပြီး Mystic White မော်ဒယ်ကို အခြေပြု ဖန်တီးထားပါတယ်။ Fila Logo ကိုလည်း ရေးထွင်းထားတာတွေ့ရပြီး ဘူးထဲမှာ Case ၂ ခု ပါလာပါတယ်။  ၁ ခုက ရှူးဖိနပ်ဘူး ပုံစံဖြစ်ပြီး နောက် ၁ ခုမှာ အရုပ်အရွယ် Fila ရှူးဖိနပ်ကို ကြိုးနဲ့ ချိတ်ဆက်ထားပါတယ်။

နားကြပ်အရေအတွက် ၂ ထောင်ပဲ ထုတ်လုပ်မှာ ဖြစ်ပြီး တောင်ကိုရီးယားမှာ ၂၀၉,၀၀၀ ဝမ်နဲ့ ရောင်းပေးလိုက်ပါပြီ။ ၂ သိန်း ၃ သောင်းလောက်ရှိတဲ့အတွက် ဈေး မသေးပေမယ့် BTS Fans တွေ အလုအယက် ဝယ်ကြမယ်လို့ ထင်ပါတယ်။ တခြား နိုင်ငံတွေမှာ ရောင်းပေးမလားဆိုတာ မသိရသေးပါဘူး။

Leakster Ishan Agarwal ကလည်း စိတ်ဝင်စားစရာ သတင်းတချို့ကို မျှဝေထားပါတယ်။ ပထမဆုံး BTS-branded အဖြစ် Galaxy Buds+ ကို Samsung က ထုတ်လုပ်ရောင်းချခဲ့ပေမယ့် ထုထည်ကြီးပြီး ANC မပါလာပါဘူး။ Samsung ဟာ Galaxy Buds Live ရဲ့ BTS-branded Version ကိုလည်း ထုတ်လုပ်ရောင်းချမယ်လို့ သိရပါတယ်။ BTS ဟာ အရင်နှစ်နှောင်းပိုင်းမှာ Fila ရဲ့ Brand Ambassador ဖြစ်လာတဲ့အတွက် Samsung, Fila နဲ့ BTS တို့ရဲ့ ထုတ်ကုန်များစွာ နောက်ပိုင်းမှာ ထွက်လာနိုင်ပါတယ်။

Ref : gsmarena