Samsung ဟာ လက်ရှိအချိန်မှာ စမတ်ဖုန်းတွေအတွက် 108MP Camera Sensor တွေကို ထုတ်လုပ်ပေးနေတာဖြစ်ပါတယ်။ အခုလည်း လာမယ့် စမတ်ဖုန်းတွေအတွက် 200MP Camera Sensor ကို မိတ်ဆက်လိုက်ပါပြီ။

အဆိုပါ 200MP Sensor ကိုတော့ နာမည်ကို ISOCELL HP1 လို့ နာမည်ပေးထားပြီး လာမယ့်နှစ်မှာ မိတ်ဆက်လာမယ့် Galaxy S22 Ultra ဖုန်းမှာ အသုံးပြုဖို့စီစဥ်ထားတာဖြစ်နိုင်ပါတယ်။ ဒီ 200MP ISOCELL HP1 Sensor ဟာ Pixel-binning နည်းပညာကို ၂ မျိုးအသုံးချနိုင်ပြီး 12.5MP သို့မဟုတ် 50MP ဓါတ်ပုံတွေကို ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ Samsung ကတော့ အဆိုပါ နည်းပညာကို ChamaleonCell လို့ နာမည်ပေးထားပါတယ်။

အခုလိုမျိုး Pixel-binning နည်းပညာ ၂ မျိုးဟာ ရိုက်ကူးတဲ့အချိန်မှာ အလင်းရောင်ပေါ်မှုတည်ပြီးပြောင်းလဲသွားမှာဖြစ်ပြီး တကယ်လို့ Low-light မှာ ရိုက်ကူးမယ်ဆိုရင် 2.56μm Pixel Size ရှိတဲ့ 4-by-4 Binning Method ကို အသုံးပြုပြီး 12.5MP Size ရှိတဲ့ ဓါတ်ပုံတွေကို ထုတ်ပေးသွားမှာပါ။ တကယ်လို့ အလင်းရောင်ကောင်းတဲ့အချိန်မှာ ရိုက်ကူးတယ်ဆိုရင်တေ့ာ 2-by-2 Binning Method ကိုပဲ အသုံးပြုပြီး 1.28μm Pixel Size ရှိတဲ့ 50MP Size ရှိတဲ့ ဓါတ်ပုံတွေကို ထုတ်ပေးမှာဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိ 108MP Camera Sensor တွေလိုမျိုးပဲ 200MP Image Size ရှိတဲ့ ဓါတ်ပုံကိုလည်း ရိုက်ကူးနိုင်မှာဖြစ်ပြီး အဲ့ဒီအချိန်မှာတော့ Pixel Size က 0.64μm ပဲရှိတော့မှာဖြစ်ပါတယ်။ Video ရိုက်ကူးတဲ့အချိန်မှာတော့ 50MP Mode နဲ့ 8K 30fps Video တွေကို ရိုက်ကူးနိုင်မယ်လို့ သိရပါတယ်။

Samsung ဟာ 200MP ISOCELL HP1 Camera Sensor အပြင် 50MP 1μm Pixel Size ရှိတဲ့ ISOCELL GN5 Camera Sensor ကိုပါ မိတ်ဆက်သွားခဲ့ပါတယ်။ အဆိုပါ Camera Sensor ဟာ Front Deep Trench Isolation Technology နဲ့ Dual Pixel Pro နည်းပညာကိုပါ ထည့်သွင်းထားတာဖြစ်ပါတယ်။ Dual Pixel Pro နည်းပညာကြောင့် Auto Focus ပိုင်းမှာ ယခင်ထက် ပိုပြီးမြန်ဆန်လာစေမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခု 200MP နဲ့ 50MP Camera Sensor တွေဟာ Samsung ဖုန်းတွေအတွက်ပဲ သီးသန့်ထုတ်လုပ်ထားတာမဟုတ်တာကြောင့် လာမယ့် လပိုင်းအတွင်းမှာ အဆိုပါ Camera Sensor တွေကို အသုံးပြုထားတဲ့ စမတ်ဖုန်းတွေကို မြင်တွေ့ရဖွယ်ရှိနေပါတယ်။

Ref – GSM Arena