Samsung က Galaxy A Series ၂၀၂၀ မော်ဒယ်တွေကို ကြေညာလိုက်ပါတယ်။   Galaxy A71 5G မှာ ၆.၇ လက်မ Super AMOLED 1080p+ မျက်နှာပြင် ပါလာပြီး 32MP Punch Hole ဆဲလ်ဖီး ကင်မရာ ထည့်ထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံး ပါလာပြီး 64MP Main , 12MP Ultrawide , 5MP Macro နဲ့ 5MP Depth တွေ ဖြစ်ပါတယ်။

25W Fast Charging ပါတဲ့ 4,500mAh ဘက်ထရီ ပါလာပါတယ်။ Samsung က Chipset ကို မပြောသေးပေမယ့် 4G မော်ဒယ်မှာ Snapdragon 730 ထည့်ထားတဲ့အတွက် 5G မော်ဒယ်မှာ S765G ဖြစ်နိုင်ပါတယ်။ 8GB RAM , 128GB Storage ပါပြီး 1TB microSD Card စိုက်နိုင်ပါတယ်။ ၆၀၀ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၈ သိန်း ၆ သောင်းလောက် ရှိပါတယ်။

Samsung က Galaxy A51 5G ကိုလည်း ကြေညာလိုက်ပြီး 4G မော်ဒယ်ထက် ဒေါ်လာ ၁၀၀ ပိုများမှာပါ။ ၅၀၀ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၇ သိန်း ၂ သောင်းလောက် ကျသင့်ပါတယ်။ 5G ပါတဲ့ Exynos 980 Chipset မောင်းနှင်ထားပါတယ်။ ၆.၅ လက်မ Full HD+ Infinity-O AMOLED မျက်နှာပြင်နဲ့ 6GB RAM ပါပါတယ်။

အနောက်ဘက်မှာ 48MP Main, 12MP Ultrawide , 5MP Macro နဲ့ 5MP Depth ကင်မရာတွေ ထည့်ထားပြီး 32MP ဆဲလ်ဖီး ကင်မရာကို Punch Hole မှာ တပ်ဆင်ထားပါတယ်။ 4,000mAh ဘက်ထရီနဲ့ Android 10 အခြေပြု One UI 2.0 မောင်းနှင်ထားပါတယ်။

Samsung က Galaxy A21 ကိုလည်း ကြေညာလိုက်ပြီး ဒေါ်လာ ၂၅၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃ သိန်း ၆ သောင်းလောက်ရှိပါတယ်။ ၆.၅ လက်မ 720p+ မျက်နှာပြင် ထည့်သွင်းထားပြီး 15W Charging ပါတဲ့ 4,000mAh ဘက်ထရီ ပါလာပါတယ်။ 3GB RAM , 32GB Storage အပြင် microSD Card စိုက်နိုင်ပါတယ်။ အနောက်ဘက်မှာ 16MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံးနဲ့ အရှေ့ဘက်မှာ 13MP ကင်မရာ ပါပါတယ်။

Galaxy A11 ကိုလည်း ပွဲထုတ်လိုက်ပြီး A21 ရဲ့ ဈေးချိုတဲ့ မော်ဒယ် ဖြစ်ပါတယ်။ ၁၈၀ ဒေါ်လာပဲရှိပြီး မြန်မာငွေ ၂ သိန်း ၆ သောင်းလောက် ရှိပါတယ်။ ဘက်ထရီက တူညီပြီး 4,000mAh ဖြစ်ပါတယ်။ 15W Charging ထောက်ပံ့ထားပေမယ့် အနောက်ကင်မရာတွေရဲ့ Resolution ကို လျှော့ချထားပါတယ်။

Ref : gsmarena