ပြီးခဲ့တဲ့နှစ် CES မှာ Samsung က AMOLED မျက်နှာပြင်ပါတဲ့ ပထမဆုံး Chromebook ကို ကြေညာခဲ့ပါတယ်။ ဒီနှစ်မှာလည်း Samsung က ပထမဆုံးဆိုတာတွေကို ချပြလိုက်ပါတယ်။ Samsung ဟာ QLED မျက်နှာပြင်ပါတဲ့ ပထမဆုံး Chromebook ကို ကြေညာလိုက်ပါပြီ။

Samsung Galaxy Chromebook 2 is a premium Chrome OS 2-in-1 at a better price - CNET

Samsung Galaxy Chromebook 2 လို့ နာမည်ပေးထားမှာ ဖြစ်ပြီး ၁၃.၃ လက်မ 1920x1080p ထိတွေ့မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး HDR ထောက်ပံ့မှာပါ။ မျက်နှာပြင်ဘေးဘောင်တွေဟာ ပါးလွှာပြီး USI Pen နဲ့လည်း တွဲဖက် အသုံးပြုနိုင်ကာ 4096 Pressure Level အထိ အာရုံခံနိုင်ပါတယ်။

Samsung Galaxy Chromebook 2 packs a QLED display — and could be the Chromebook to beat | CNN Underscored

Galaxy Chromebook 2 ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၅၅၀ ဒေါ်လာ သတ်မှတ်ထားပြီး ၇ သိန်း ၃ သောင်းလောက် ကျသင့်မှာပါ။ Intel Celeron 5205U ကနေ 10th Gen Intel Core i3 10110U CPU အထိ ရွေးချယ်နိုင်ပါတယ်။ 4 or 8GB LPDDR3 RAM နဲ့ 64GB or 128GB Storage တွေ ရွေးချယ်နိုင်ပြီး microSD Slot တပ်ဆင်ထားပါတယ်။ ၁၄ နာရီ အသုံးခံတဲ့ 45.5Wh ဘက်ထရီ ပါလာပါတယ်။

5W စပီကာ ၂ လုံး ထည့်သွင်းထားပြီး Samsung က သာမာန် Amplifier ထက် အသံဟာ ၁၇၈ ရာခိုင်နှုန်း ပိုကျယ်တဲ့ Smart AMP လုပ်ဆောင်ချက် ထည့်သွင်းထားတယ်လို့ ပြောပါတယ်။ 720p Webcam တပ်ဆင်ထားပြီး Google Meet ကနေ ဗီဒီယို Call ပြောနိုင်ပါတယ်။ Chrome OS မောင်းနှင်ထားပြီး WiFi 6 နဲ့ Bluetooth 5.0 ပါပါတယ်။ USB-C Port ၂ ခုနဲ့ Headphone/Microphone Jack တပ်ဆင်ထားပြီး Fiesta Red နဲ့ Mercury Gray ၂ ရောင် ထုတ်လုပ်ထားပါတယ်။ မတ်လ မကုန်ခင် အမေရိကန်မှာ ရောင်းမှာပါ။

Ref : gsmarena