Samsung က လုံခြုံရေး အသားပေးထားတဲ့ Galaxy Quantum5 ကို ကြေညာလိုက်ပြီး SK Telecom နဲ့ ပူးပေါင်းဖန်တီးထားတာ ဖြစ်ပါတယ်။ SK Telecom Network ကိုပဲ အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် တောင်ကိုရီးယား နိုင်ငံမှာပဲ အသုံးပြုနိုင်မှာပါ။ Quantum Cryptographic Chip ကို ထုတ်လုပ်ပေးထားတဲ့ ID Quantique (IDQ) ကုမ္ပဏီနဲ့ လည်း ပူးပေါင်းထားတာ ဖြစ်ပါတယ်။

Samsung unveils the Galaxy Quantum5 – a quantum-powered secure smartphone - GSMArena.com news

အဲဒီ Chip ကို Quantum Random Number Generator (QRNG) လို့ အမည်ပေးထားပါတယ်။ Chip က Biometrics နဲ့ Passwords လို အရေးကြီး ဒေတာတွေကို Encryption နဲ့ Decryption လုပ်ဖို့ Random Number တွေကို ထုတ်လုပ်ဖို့ Quantum Physics ကို အသုံးပြုထားပါတယ်။ အဲဒီအတွက် ဒေတာတွေကို ခိုးယူဖို့ ခက်ခဲပါတယ်။

SK Telecom and Samsung unveil the Samsung Galaxy Quantum 4

အပို QRNG Chip ပါတာကလွဲပြီး Galaxy Quantum5 ဟာ Galaxy A55 နဲ့ တူညီပါတယ်။ အလူမီနီယမ် ဖရိမ်သုံးထားပြီး အရှေ့ဘက်မှာ ဖန်နဲ့ ဖုံးအုပ်ထားပါတယ်။ 6.6” 120Hz Super AMOLED Display တပ်ဆင်ထားပြီး စတီရီယို စပီကာတွေ ပါပါတယ်။

50MP Main , 12MP Ultrawide , 5MP Macro ကင်မရာ ၃ လုံးကို အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။ Exynos 1480 မောင်းနှင်ထားပြီး 8GB RAM နဲ့ 128GB Storage ပါပါတယ်။ 25W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery တပ်ဆင်ထားပါတယ်။

Awesome Ice Blue, Awesome Lilac နဲ့ Awesome Navy အရောင်ထုတ်လုပ်ထားပြီး ၄၆၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena