Samsung က စွမ်းရည်မြင့် Q80Z TV ကို ကြေညာလိုက်ပြီး ၉၈ လက်မ အရွယ်အစား ရှိပါတယ်။ အရုပ်နဲ့ အသံ အရည်အသွေး အလွန် ကောင်းမွန်ပြီး ရုပ်ရှင်၊ ဗီဒီယိုတွေ ကြည့်ရင် အံ့မခန်း ခံစားမှုကို ရစေမှာပါ။ ဒါ့အပြင် အဆင့်မြင့် လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပါတယ်။

Samsung Q80Z TV မှာ ၉၈ လက်မ အရွယ်ကြီး မျက်နှာပြင် တပ်ဆင်ထားပြီး Content တွေ သက်ဝင်လှုပ်ရှားလာသလို ခံစားရမှာပါ။ အရွယ်ကြီး မျက်နှာပြင်က တစ်မူထူးခြားတဲ့ Viewing Experience ရစေမှာဖြစ်ပြီး ရုပ်ရှင်၊ TV Show နဲ့ ဂိမ်းတွေ ကြည့်ရှု ကစားလို့ ကောင်းပါတယ်။ ပါးလွှာတဲ့ ဒီဇိုင်းဖြစ်ပြီး အပါးလွှာဆုံး နေရာက ၁.၈ စင်တီမီတာပဲ ရှိပါတယ်။

Samsung ရဲ့ အဆင့်မြင့် နည်းပညာတွေ ထည့်သွင်းထားပြီး Full-array Direct-in Backlight က ရုပ်ပုံ အရည်အသွေးနဲ့ ကြည်လင်ပြတ်သားမှု အလွန် ကောင်းပါတယ်။ အရောင်တွေဟာ  PANTONE Certification ရထားပြီး သဘာဝကျတဲ့ အရုပ်တွေ မြင်ရမှာပါ။

Q80Z TV မှာ Samsung ရဲ့ နောက်ဆုံးထုတ် Neuron Quantom Dot 4K Processor မောင်းနှင်ထားပြီး Processing စွမ်းရည် မြင့်မားပါတယ်။ အဆင့်မြင့် Processor က အချိန်နဲ့တစ်ပြေးညီ Frame တိုင်းကို တိုးမြှင့်ပေးတဲ့အတွက် ရုပ်ပုံ အရည်အသွေး ကောင်းစေပါတယ်။

ကြည်လင်ပြတ်သားပြီး တောက်ပတဲ့ အရောင်တွေ ပြသပေးပါတယ်။ Tizen Operating System အသစ် မောင်းနှင်ထားပြီး ကောင်းမွန်တဲ့ စမတ် TV အရသာကို ခံစားရမှာပါ။

Dolby Atmos နည်းပညာ ပါတဲ့ အသံစနစ် ထည့်သွင်းထားပြီး Samsung ရဲ့ Q Symphony 3.0 နည်းပညာက TV ရဲ့ စပီကာနဲ့ Samsung Soundbar ကို Sync လုပ်တဲ့အခါ အလွန် ကောင်းပါတယ်။ တန်ဖိုးက ၅,၆၁၁ ဒေါ်လာ သတ်မှတ်ထားတာဆိုတော့ မြန်မာငွေ သိန်း ၁၅၀ ကျော်ပါတယ်။

Ref : gizmochina