Samsung က CES 2024 အကြိုအနေနဲ့ ကမ္ဘာ့ ပထမဆုံး ဖောက်ထွင်းမြင်ရတဲ့ MicroLED TV ကို ပြသလိုက်ပါတယ်။ TV အနောက်ဘက်ကို ဖောက်ထွင်းမြင်ရပြီး TV ကြည့်လို့ရသလို TV အနောက်ကိုလည်း ကြည့်လို့ရပါတယ်။ ၇၆ လက်မ၊ ၈၉ လက်မ၊ ၁၀၁ လက်မနဲ့ ၁၁၄ လက်မတွေ ထုတ်လုပ်ထားပါတယ်။

Samsung Transparent Micro LED TV

ဒီဇိုင်း အကြောင်းပြောရရင် TV ဟာ အလွန်ပါးလွှာပြီး အထူက ၁ စင်တီမီတာလောက်ပဲ ရှိပါတယ်။ MicroLED ရဲ့ မြင့်မားတဲ့ Pixel သိပ်သည်းဆကြောင့် ရုပ်ပုံတွေဟာ အလွန် ကြည်လင်ပြတ်သားပါတယ်။

MicroLED ဆိုတာ ရုပ်ပုံ ၁ ပုံ ဖန်တီးဖို့ အလွန်သေးငယ်တဲ့ LED သန်းပေါင်းများစွာကို အသုံးပြုထားတဲ့ Display နည်းပညာ ဖြစ်ပါတယ်။ LED ၁ လုံးချင်းစီဟာ ကိုယ်တိုင် အလင်းထုတ်လွှင့်နိုင်တဲ့အတွက် LCD နဲ့ OLED Display တွေမှာလို Backlight မလိုအပ်ပါဘူး။ အဲဒီအတွက် မြင့်မားတဲ့ ရုပ်ပုံ အရည်အသွေး၊ နက်မှောင်တဲ့ အနက်ရောင်၊ တောက်ပတဲ့ အဖြူရောင်နဲ့ ကျယ်ပြန့်တဲ့ Viewing Angle ကို ရစေပါတယ်။

Samsung ရဲ့ MicroLED TV ဟာ ဖောက်ထွင်းမြင်ရရုံသာမက Modular ဒီဇိုင်း ဖြစ်ပါတယ်။ TV များစွာကို ချိတ်ဆက်ကာ လိုချင်တဲ့ အရွယ်အစားကို အသုံးပြုနိုင်ပါတယ်။ အဲဒီအတွက် အားကစားကွင်းတွေမှာ ရမှတ်ပြတဲ့ ဘုတ်နဲ့ ကြော်ငြာ Billboard အဖြစ် သုံးနိုင်ပါတယ်။

Samsung ရဲ့ ဖောက်ထွင်းမြင်ရတဲ့ MicroLED TV ရဲ့ ဈေးကို မသိရသေးပေမယ့် ဖောက်ထွင်းမမြင်ရတဲ့ ၁၁၀ လက်မ MicroLED TV ရဲ့ ဒေါ်လာ ၁၅၀,၀၀၀ (သိန်း ၅,၀၀၀) ဈေးထက် ပိုများမှာ သေချာပါတယ်။

Ref: gizmochina