Unicode

Samsung ကနေ ပြီးခဲ့တဲ့ ရက်ပိုင်းမှာတုန်းက Galaxy Note 10 Lite နဲ့ Galaxy S10 Lite စမတ်ဖုန်းတွေကို India စျေးကွက်အတွက် မိတ်ဆက်ပေးခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ High End ဖုန်းတွေအပြီးမှာလည်း နောက်ထပ် Galaxy A Series စမတ်ဖုန်းအသစ်တွေကိုလာမယ့် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ မိတ်ဆက်လာဦးမှာပါ။

ဒီသတင်းကိုတော့ Samsung India Twitter Account ကနေ Teaser Video တစ်ခုနဲ့ ဖော်ပြခဲ့တာဖြစ်ပြီးတော့ Back Camera Design အပြင် “AwesomeIsForEveryone” ဆိုတဲ့ Hashtag ပါထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီအသစ်မိတ်ဆက်လာမယ့် Galaxy A Series ဖုန်းသစ်တွေဟာ Galaxy A71 နဲ့ A51 စမတ်ဖုန်းတွေဖြစ်ဖို့များနေပါတယ်။

လက်ရှိသိထားရတဲ့ သတင်းတွေအရ Samsung Galaxy A51 စမတ်ဖုန်းဟာ India စျေးကွက်ကို RAM 4GB + 64GB Storage နဲ့ RAM 6GB + 128GB Storage ဆိုပြီး Version ၂ မျိုးဝင်ရောက်မှာဖြစ်ပြီး စျေးနှုန်းအနေနဲ့တော့ Rs. 22,990 (မြန်မာငွေ ၄ သိန်း ၇ သောင်းဝန်းကျင်) ကနေ စတင်မှာဖြစ်ပါတယ်။ Galaxy A71 စမတ်ဖုန်းကတော့ Rs. 29,990 (မြန်မာငွေ ၆ သိန်း ၂ သောင်းဝန်းကျင်) နဲ့ရောင်းချမှာဖြစ်သလို Storage အနေနဲ့ 128GB ပါဝင်မှာဖြစ်ပေမယ့် RAM ကတော့ 6GB သို့မဟုတ် 8GB ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။

ဒီ Galaxy A51 နဲ့ A71 စမတ်ဖုန်းတွေဟာ 6.5″ နဲ့ 6.7″ ရှိတဲ့ FullHD+ AMOLED Display တွေကို အသုံးပြုလာမှာဖြစ်ပြီး Infinity-O Design နဲ့ Selfie Camera ပါဝင်လာမှာပါ။ Selfie Camera အနေနဲ့ 32MP Sensor ကိုတပ်ဆင်ထားတယ်လို့လည်း သိရပါတယ်။

Back Camera ပိုင်းအနေနဲ့ကတော့ Galaxy A51 ဖုန်းမှာ 48MP Primary Sensor နဲ့ A71 မှာတော့ 64MP Primary Sensor တွေပါဝင်မှာဖြစ်ပြီး 12MP Ultrawide Sensor ၊ 5MP Depth Sensor နဲ့ 5MP Macro Lens တွေအသီးသီးပါဝင်နေဦးမှာပါ။ Battery အနေနဲ့ကတော့ A51 မှာ 15W Charging ကို Support ပြုလုပ်တဲ့ 4000mAh Battery နဲ့ A71 မှာတော့ 25W Fast Charging ပါဝင်တဲ့ 4500mAh Battery ပါဝင်မှာပါ။ Software ပိုင်းအနေနဲ့ကတော့ Android 10 ကို အခြေခံတဲ့ OneUI 2.0 ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

Ref – Gizmo China

Zawgyi

Samsung ကေန ၿပီးခဲ့တဲ့ ရက္ပိုင္းမွာတုန္းက Galaxy Note 10 Lite နဲ႔ Galaxy S10 Lite စမတ္ဖုန္းေတြကို India ေစ်းကြက္အတြက္ မိတ္ဆက္ေပးခဲ့ၿပီးျဖစ္ပါတယ္။ အဆိုပါ High End ဖုန္းေတြအၿပီးမွာလည္း ေနာက္ထပ္ Galaxy A Series စမတ္ဖုန္းအသစ္ေတြကိုလာမယ့္ ဇန္နဝါရီလ ၂၉ ရက္ေန႔မွာ မိတ္ဆက္လာဦးမွာပါ။

ဒီသတင္းကိုေတာ့ Samsung India Twitter Account ကေန Teaser Video တစ္ခုနဲ႔ ေဖာ္ျပခဲ့တာျဖစ္ၿပီးေတာ့ Back Camera Design အျပင္ “AwesomeIsForEveryone” ဆိုတဲ့ Hashtag ပါထည့္သြင္းထားခဲ့တာျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ ဒီအသစ္မိတ္ဆက္လာမယ့္ Galaxy A Series ဖုန္းသစ္ေတြဟာ Galaxy A71 နဲ႔ A51 စမတ္ဖုန္းေတြျဖစ္ဖို႔မ်ားေနပါတယ္။

လက္ရွိသိထားရတဲ့ သတင္းေတြအရ Samsung Galaxy A51 စမတ္ဖုန္းဟာ India ေစ်းကြက္ကို RAM 4GB + 64GB Storage နဲ႔ RAM 6GB + 128GB Storage ဆိုၿပီး Version ၂ မ်ိဳးဝင္ေရာက္မွာျဖစ္ၿပီး ေစ်းႏႈန္းအေနနဲ႔ေတာ့ Rs. 22,990 (ျမန္မာေငြ ၄ သိန္း ၇ ေသာင္းဝန္းက်င္) ကေန စတင္မွာျဖစ္ပါတယ္။ Galaxy A71 စမတ္ဖုန္းကေတာ့ Rs. 29,990 (ျမန္မာေငြ ၆ သိန္း ၂ ေသာင္းဝန္းက်င္) နဲ႔ေရာင္းခ်မွာျဖစ္သလို Storage အေနနဲ႔ 128GB ပါဝင္မွာျဖစ္ေပမယ့္ RAM ကေတာ့ 6GB သို႔မဟုတ္ 8GB ပါဝင္လာႏိုင္တယ္လို႔ သိရပါတယ္။

ဒီ Galaxy A51 နဲ႔ A71 စမတ္ဖုန္းေတြဟာ 6.5″ နဲ႔ 6.7″ ရွိတဲ့ FullHD+ AMOLED Display ေတြကို အသုံးျပဳလာမွာျဖစ္ၿပီး Infinity-O Design နဲ႔ Selfie Camera ပါဝင္လာမွာပါ။ Selfie Camera အေနနဲ႔ 32MP Sensor ကိုတပ္ဆင္ထားတယ္လို႔လည္း သိရပါတယ္။

Back Camera ပိုင္းအေနနဲ႔ကေတာ့ Galaxy A51 ဖုန္းမွာ 48MP Primary Sensor နဲ႔ A71 မွာေတာ့ 64MP Primary Sensor ေတြပါဝင္မွာျဖစ္ၿပီး 12MP Ultrawide Sensor ၊ 5MP Depth Sensor နဲ႔ 5MP Macro Lens ေတြအသီးသီးပါဝင္ေနဦးမွာပါ။ Battery အေနနဲ႔ကေတာ့ A51 မွာ 15W Charging ကို Support ျပဳလုပ္တဲ့ 4000mAh Battery နဲ႔ A71 မွာေတာ့ 25W Fast Charging ပါဝင္တဲ့ 4500mAh Battery ပါဝင္မွာပါ။ Software ပိုင္းအေနနဲ႔ကေတာ့ Android 10 ကို အေျခခံတဲ့ OneUI 2.0 ကို အသုံးျပဳထားတယ္လို႔ သိရပါတယ္။

Ref – Gizmo China