Samsung ဟာ ပုံမှန်အနေနဲ့ Galaxy S Series ဖုန်းတွေမိတ်ဆက်မယ်ဆိုရင် Base Model S Series ဖုန်းအပြင် Screen Size ပိုကြီးမားတဲ့ Plus Version ၊ Feature အစုံလင်ဆုံး Ultra Version ဆိုပြီး ၃ မျိုးအမြဲတမ်းထွက်ရှိနေကျဖြစ်ပါတယ်။ ဒါက မကြာခင်မှာ မိတ်ဆက်မယ့် Galaxy S23 Series ဖုန်းတွေမှာလည်း အတူတူပဲဖြစ်ပြီး ၃ မျိုးထွက်ရှိလာမှာဖြစ်ပါတယ်။

ဒါပေမယ့်လက်ရှိသိရတဲ့သတင်းတွေအရ Samsung ဟာ ယခုနှစ် Galaxy S23 Series ကို နောက်ဆုံးအနေနဲ့ ၃ မျိုးမိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် လာမယ့်နှစ်ကျရင် Galaxy S24 Series ဖုန်းတွေထဲမှာ S24 Plus ကို ဖြုတ်ချသွားမယ်လို့ သတင်းထွက်ရှိလာတာကြောင့်ဖြစ်ပါတယ်။

ယခုသတင်းကို The Elec သတင်းမီဒီယာကနေ ဖော်ပြခဲ့တာဖြစ်ပြီး လာမယ့်နှစ်မှာ မိတ်ဆက်မယ့် Galaxy S24 Series ဖုန်းတွေထဲမှာ S24 နဲ့ S24 Ultra ပဲ ပါဝင်မှာဖြစ်ပါတယ်။ အခုလိုမျိုး ဆုံးဖြတ်လိုက်တာကလည်း ပြီးခဲ့တဲ့နှစ်တုန်းက Galaxy S22 Series ဖုန်းတွေထဲမှာ Galaxy S22 Plus ဖုန်းဟာ ရောင်းအားအနည်းဆုံးဖြစ်ခဲ့တာကြောင့်လို့ သိရပါတယ်။

Galaxy S22 Plus ဖုန်းတွေဟာ အလုံးရေ ၅.၅ သန်းပဲရောင်းချခဲ့ရပြီး Galaxy S22 Series ဖုန်းအားလုံးရဲ့ ရောင်းအား ၁၇ ရာခိုင်နှုန်းကိုပဲ ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ Base Model S22 နဲ့ S22 Ultra ဖုန်းတွေဟာ စုစုပေါင်းရောင်းအားရဲ့ ၃၈ ရာခိုင်နှုန်းနဲ့ ၄၅ ရာခိုင်နှုန်း အသီးသီးရယူထားတယ်လို့ သိရပါတယ်။

Samsung ဟာ အစောပိုင်းတုန်းကလည်း Galaxy A Series တွေထဲက ရောင်းအားမကောင်းတဲ့ Galaxy A7x Series နဲ့ Galaxy A2x Series ဖုန်းတွေကို ထုတ်လုပ်မှုကို ရပ်ဆိုင်းခဲ့ပါသေးတယ်။ ဒါကြောင့် နောက်ပိုင်းမှာ မရောင်းရတဲ့ဖုန်းတွေကို ဆက်တိုက်ထုတ်လုပ်မှုရပ်ဆိုင်းဖွယ်ရှိနေပါတယ်။

Ref – Gizmo China