Google ကနေ Android 13 OS ကို Pixel ဖုန်းတွေအတွက်ထုတ်ပေးထားတာ အချိန်လပိုင်းခန့်ကြာမြင့်နေပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း တခြားသော စမတ်ဖုန်းထုတ်လုပ်သူတွေအနေနဲ့ကတော့ အခုအချိန်အထိ Beta Version အနေနဲ့ပဲ Android 13 Update ကို စမ်းသပ်နေဆဲဖြစ်ပါတယ်။

အဆိုပါ စမတ်ဖုန်းထုတ်လုပ်သူတွေထဲမှာ Samsung လည်းပါဝင်ပြီးတော့ Android 13 ကို အခြေခံထားတဲ့ OneUI 5 OS Update ကို စမ်းသပ်နေခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Samsung ကနေ Galaxy S22 Series ဖုန်းတွေအတွက် OneUI 5 Stable Update ကို ယခုလကုန်ပိုင်းမှာ တရားဝင်ထုတ်ပေးသွားမယ်ဆိုပြီး ကြေညာလိုက်ပါတယ်။

အခုကြေညာချက်ကို မကြာသေးခင်က ပြုလုပ်သွားတဲ့ Samsung’s Developer Conference 2022 မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ Android 13 ကို အခြေခံထားတဲ့ OneUI 5 Update ဟာ Material You Integration ၊​ အဆင့်မြှင့်တင်ထားတဲ့ Dynamic Theming နှင့် Dynamic Lockscreen Feature တွေရရှိလာမှာဖြစ်သလို Samsung ဖုန်းတွေမှာ ပထမဆုံးအနေနဲ့ Multi-user Support ကိုပါ ရရှိနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် တခြားသော Multitasking Feature အသစ်တွေဖြစ်တဲ့ Quick Split-screen Feature ၊​ Pop-up View Swipe Feature ၊​ Gallery Text Recognition ၊​ Privacy Hub အပြင် Feature အများအပြားပါဝင်လာမှာဖြစ်ပါတယ်။

Samsung ဟာ မနှစ်တုန်းက Galaxy S21 Series ဖုန်းတွေအတွက် OneUI 4 Update ကို နိုဝင်ဘာလအတွင်းမှ Update ပြုလုပ်ပေးနိုင်ခဲ့ပြီးတော့ အခု Galaxy S22 Series ဖုန်းတွေမှာ ယခင်ထက် ၁ လပိုစောပြီး Android Update ကို ထုတ်ပေးနိုင်တာဖြစ်ပါတယ်။

Ref – GSM Arena