Samsung ကနေ Galaxy A Series ဖုန်းတွေထဲကမှ Upper Mid-range စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Galaxy A71 စမတ်ဖုန်းကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Galaxy A71 စမတ်ဖုန်းကိုပဲ 5G Version အနေနဲ့ ထပ်မံမိတ်ဆက်သွားမှာဖြစ်ပါတယ်။

ယခင်တုန်းက အဆိုပါ Galaxy A71 5G စမတ်ဖုန်းကို US နဲ့ China စျေးကွက်မှာပဲ ရောင်းချသွားမယ်ဆိုပြီး သတင်းတွေထွက်ရှိခဲ့ပေမယ့် အခုအချိန်မှာတော့ တခြားသောစျေးကွက်တွေမှာပါ ရောင်းချသွားမယ်ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Galaxy A71 5G Version ရဲ့ Model Number ကတော့ SM-A716B လို့ ခေါ်ဆိုမှာဖြစ်ပါတယ်။

လက်ရှိ 5G ကို ကျယ်ပြန့်စွာသုံးစွဲနိုင်ပြီဖြစ်တဲ့ US နဲ့ China အပြင် တခြားဘယ်နိုင်ငံတွေမှာပါ Galaxy A71 5G Version ကို ရောင်းချသွားမလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။ ဖြစ်နိုင်တာကတော့ Australia ၊ New Zealand အပြင် ဥရောပနိုင်ငံတွေမှာ အဓိကရောင်းချသွားနိုင်ပါတယ်။

Samsung ဟာ Galaxy A71 5G Version အပြင် Galaxy A51 စမတ်ဖုန်းကိုလည်း Exynos 980 5G Chipset ပြောင်းလဲအသုံးပြုပြီးတော့ 5G Version အနေနဲ့ မိတ်ဆက်သွားဖို့ရှိနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ယခု Galaxy A71 5G Version မှာ Performance ပိုကောင်းတဲ့ Qualcomm Snapdragon 765G 5G Chipset နဲ့ ပွဲထွက်လာဖို့များနေပါတယ်။

Ref – GSM Arena