Samsung ဟာ ပြီးခဲ့တဲ့မတ်လတုန်းက Laptop တွေအတွက် ကြီးမားတဲ့အပြောင်းအလဲတစ်ခုဖြစ်လာနိုင်တဲ့ 14″ QHD (2880x1800px) Resolution ရှိတဲ့ 90Hz OLED Display ကို ပြသခဲ့ပါတယ်။ ဒါက Mainstream Laptop တွေနဲ့ Ultrabook တွေထဲမှာ ပထမဆုံးအနေနဲ့ 60Hz နှင့်အထက်ပါဝင်တဲ့ 14″ OLED Display Panel ဖြစ်လာစေမှာပါ။

အခုနောက်ဆုံးသိရတဲ့သတင်းအရတော့ Samsung ကနေ အဆိုပါ 90Hz OLED Display Panel တွေကို အမြောက်အများထုတ်လုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ယခုနှစ်မကုန်ခင်မှာ ထွက်ရှိလာမယ့် Laptop တွေမှာ အဆိုပါ 90Hz OLED Display ကို စတင်တွေ့မြင်ရမှာဖြစ်ပါတယ်။

Samsung ကနေ ပထမဆုံးထုတ်လုပ်မယ့် 90Hz OLED Display Panel တွေကို အရင်ဆုံးအနေနဲ့ ASUS Laptop အသစ်တွေမှာ အသုံးပြုလာမယ်လို့လည်း သိရပါတယ်။ Samsung ရဲ့ ပြောကြားချက်အရတော့ အဆိုပါ Display တွေဟာ OLED Display ကို အသုံးပြုထားတာကြောင့် သာမန် 120Hz LCD Display Panel တွေထက်တောင် ပို Smooth ဖြစ်လာနိုင်ပါတယ်။

Microsoft ကိုယ်တိုင်ကလည်း လာမယ့် အောက်တိုဘာလ ၅ ရက်နေ့မှာ ထုတ်ပေးသွားမယ့် Windows 11 Update မှာ Dynamic Refresh Rate ကိုပါ Support ပေးမှာဖြစ်တဲ့အတွက် Battery Life ကိုလည်း အသုံးပြုမှုအပေါ်မှုတည်ပြီး သက်သာစေမှာဖြစ်ပါတယ်။ ပထမဆုံးသော Samsung ရဲ့ 14″ 90Hz OLED Display ကို အသုံးပြုလာမယ့် ASUS Laptop တွေကတော့ ZenBook 14X Pro နဲ့ VivoBook Pro 14X တွေပဲဖြစ်ပါတယ်။

Ref – GSM Arena