Zawgyi

မၾကာေသးခင္ကမွ မိတ္ဆက္ခဲ့တဲ့ Samsung ရဲ႕ Galaxy Unpacked ပြဲႀကီးမွာ စိတ္ဝင္စားစရာ အေကာင္းဆုံးကေတာ့ Galaxy Fold လို႔ေခၚတဲ့ မ်က္ႏွာျပင္ေခါက္ေကြးဖုန္းပါပဲ။ သူၿပီးရင္ ေနာက္ထပ္ စိတ္ဝင္စားစရာအေကာင္းဆုံးကေတာ့ Galaxy S10 5G ဖုန္းဆိုတာ ျငင္းလို႔မရပါဘူး။ Galaxy S10 5G ဖုန္းဟာ ကိုရီးယားနည္းပညာ ကုမၸဏီႀကီး Samsung ရဲ႕ ပထမဆုံး 5G ကြန္ရက္ အေထာက္အပံ့ေပးနိုင္တဲ့ စမတ္ဖုန္းတစ္လုံး ျဖစ္လာတာေၾကာင့္ လူအမ်ားရဲ႕ စိတ္ဝင္စားမႈကို အေတာ္ေလးရယူနိုင္ခဲ့ပါ။ ဒါေပမယ့္လည္း 5G ကြန္ရက္ စနစ္က ေနရာတိုင္းမွာ မရနိုင္ေသးတဲ့အတြက္ Galaxy S10 5G ေမာ္ဒယ္ကို အလုံးအရင္းနဲ႕ ေရာင္းခ်ဖိဳ႕က အဆင္မေျပနိုင္ေသးပါဘူး။

သတင္းေပးပို႔ခ်က္ေတြအရ ရိုးရိုး Galaxy S10 Series ဖုန္းေတြကို အေမရိကားမွာ ေရာင္းခ်မွာျဖစ္ေပမယ့္ 5G အေထာက္အပံ့ေပးတဲ့ Galaxy S10 ကိုေတာ့ ေလာေလာဆယ္မွာ ေရာင္းခ်မွာ မဟုတ္ေသးပါဘူး။ Galaxy S10 5G ကို အေမရိကားမွာ မရနိုင္ေသးေပမယ့္ ကိုရီယားျပည္တြင္းမွာေတာ့ ဧၿပီလက စၿပီး ဝယ္ယူနိုင္ေတာ့မွာပါ။

အဆိုပါ Galaxy S10 5G ကို အေမရိကားနဲ႕ တစ္ျခားနိုင္ငံေတြမွာ ဘယ္အခ်ိန္ရနိုင္မလဲဆိုတာေတာ့ အတိအက် မသိရေသးပါဘူး။ တစ္ကယ္လို႔ အေမရိကားမွာသာ Galaxy S10 5G ကို ေရာင္းခ်ခဲ့ရင္ အေမရိကန္ ျပည္တြင္း ဆက္သြယ္ေရး ကုမၸဏီျဖစ္တဲ့ Verizon ရဲ႕ ကြန္ရက္ေပၚမွာ အသုံးျပဳရမွာမို႔ Verizon က Galaxy S10 5G ဖုန္းကို တစ္ဆင့္ေရာင္းခ်မယ့္ ပထမဆုံးေသာ ဆက္သြယ္ေရး ကြန္ရက္ ျဖစ္လာပါလိမ့္မယ္။ Verizon ရဲ႕ ဝဘ္ဆိုက္ေပၚမွာလည္း Galaxy S10 5G ရရွိခဲ့ရင္ အသိေပးနိုင္ဖို႔ Register လုပ္နိုင္တဲ့ ေပ့ခ်္တစ္ခုလည္း ဖြင့္လွစ္ထားၿပီး ျဖစ္ပါတယ္။ သတင္း အခ်က္အလက္ေတြအရ Galaxy S10 5G ဖုန္းကို Verizon မွာ ၂၀၁၉ ဒုတိယပိုင္းေလာက္မွာ ရရွိနိုင္မယ္လို႔ သိရပါတယ္။

Verizon ဟာ ၂၀၁၉ ပထမပိုင္းအတြင္းမွာပဲ သူ႕ရဲ႕ 5G ကြန္ရက္ကို ၿမိဳ႕ေပါင္း သုံးဆယ္မွာ အသုံးျပဳနိုင္မယ္လို႔ ခန႔္မွန္းေနပါတယ္။ AT&T က လည္း အေမရိကားရဲ႕ ၿမိဳ႕ေတာ္ တစ္ခ်ိဳ႕မွာ 5G ကြန္ရက္ ျဖန႔္ၾကက္ထားၿပီျဖစ္ၿပီး Sprint ကလည္း ေမလ အတြင္း 5G ကြန္ရက္ကို စတင္မိတ္ဆက္နိုင္ပါတယ္။ ဘယ္လိုပဲ ျဖစ္ျဖစ္ Galaxy S10 5G ဖုန္းကို စတင္ေရာင္းခ်မယ့္ မိုဘိုင္းကြန္ရက္ ကုမၸဏီကေတာ့ Verizon ပဲျဖစ္ၿပီး Samsung အေနနဲ႕ တစ္ျခား ကြန္ရက္ေထာက္ပံ့သူေတြနဲ႕ လက္တြဲဦးမလား ဆိုတာကေတာ့ ေသခ်ာမသိရေသးပါဘူး။

Galaxy S10 5G အေၾကာင္းျပန္ေျပာရရင္ေတာ့ Galaxy S10 5G ဟာ 5G မိုဒမ္ နဲ႕ TOF Lens ပါဝင္လာတာက လြဲလို႔ တစ္ျခား Galaxy S10 Series နဲ႕ အတူတူပါပဲ။ 6.7-inch ရွိ AMOLED မ်က္ႏွာျပင္နဲ႕ အတူ 19:9 မ်က္ႏွာျပင္အခ်ိဳးအစား အေထာက္အပံ့ေပးပါတယ္။ ႀကီးမားလွတဲ့ 4,500mAh ဘက္ထရီႀကီးကို တပ္ဆင္ေပးထားပါတယ္။ 5G ေမာ္ဒယ္ကို RAM 8GB, Internal Storage 256GB ဗားရွင္းနဲ႕ပဲ ဝယ္ယူလို႔ရမွာပါ။

Ref: Gizmo China

Unicode

Samsung ရဲ့ 5G ဖုန်းကို ကိုရီးယားမှာ ဧပြီလ အတွင်း မိတ်ဆက်နိုင်ခြေရှိ

မကြာသေးခင်ကမှ မိတ်ဆက်ခဲ့တဲ့ Samsung ရဲ့ Galaxy Unpacked ပွဲကြီးမှာ စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ Galaxy Fold လို့ခေါ်တဲ့ မျက်နှာပြင်ခေါက်ကွေးဖုန်းပါပဲ။ သူပြီးရင် နောက်ထပ် စိတ်ဝင်စားစရာအကောင်းဆုံးကတော့ Galaxy S10 5G ဖုန်းဆိုတာ ငြင်းလို့မရပါဘူး။ Galaxy S10 5G ဖုန်းဟာ ကိုရီးယားနည်းပညာ ကုမ္ပဏီကြီး Samsung ရဲ့ ပထမဆုံး 5G ကွန်ရက် အထောက်အပံ့ပေးနိုင်တဲ့ စမတ်ဖုန်းတစ်လုံး ဖြစ်လာတာကြောင့် လူအများရဲ့ စိတ်ဝင်စားမှုကို အတော်လေးရယူနိုင်ခဲ့ပါ။ ဒါပေမယ့်လည်း 5G ကွန်ရက် စနစ်က နေရာတိုင်းမှာ မရနိုင်သေးတဲ့အတွက် Galaxy S10 5G မော်ဒယ်ကို အလုံးအရင်းနဲ့ ရောင်းချဖို့က အဆင်မပြေနိုင်သေးပါဘူး။

သတင်းပေးပို့ချက်တွေအရ ရိုးရိုး Galaxy S10 Series ဖုန်းတွေကို အမေရိကားမှာ ရောင်းချမှာဖြစ်ပေမယ့် 5G အထောက်အပံ့ပေးတဲ့ Galaxy S10 ကိုတော့ လောလောဆယ်မှာ ရောင်းချမှာ မဟုတ်သေးပါဘူး။ Galaxy S10 5G ကို အမေရိကားမှာ မရနိုင်သေးပေမယ့် ကိုရီယားပြည်တွင်းမှာတော့ ဧပြီလက စပြီး ဝယ်ယူနိုင်တော့မှာပါ။

အဆိုပါ Galaxy S10 5G ကို အမေရိကားနဲ့ တစ်ခြားနိုင်ငံတွေမှာ ဘယ်အချိန်ရနိုင်မလဲဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ တစ်ကယ်လို့ အမေရိကားမှာသာ Galaxy S10 5G ကို ရောင်းချခဲ့ရင် အမေရိကန် ပြည်တွင်း ဆက်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့ Verizon ရဲ့ ကွန်ရက်ပေါ်မှာ အသုံးပြုရမှာမို့ Verizon က Galaxy S10 5G ဖုန်းကို တစ်ဆင့်ရောင်းချမယ့် ပထမဆုံးသော ဆက်သွယ်ရေး ကွန်ရက် ဖြစ်လာပါလိမ့်မယ်။ Verizon ရဲ့ ဝဘ်ဆိုက်ပေါ်မှာလည်း Galaxy S10 5G ရရှိခဲ့ရင် အသိပေးနိုင်ဖို့ Register လုပ်နိုင်တဲ့ ပေ့ချ်တစ်ခုလည်း ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။ သတင်း အချက်အလက်တွေအရ Galaxy S10 5G ဖုန်းကို Verizon မှာ ၂၀၁၉ ဒုတိယပိုင်းလောက်မှာ ရရှိနိုင်မယ်လို့ သိရပါတယ်။

Verizon ဟာ ၂၀၁၉ ပထမပိုင်းအတွင်းမှာပဲ သူ့ရဲ့ 5G ကွန်ရက်ကို မြို့ပေါင်း သုံးဆယ်မှာ အသုံးပြုနိုင်မယ်လို့ ခန့်မှန်းနေပါတယ်။ AT&T က လည်း အမေရိကားရဲ့ မြို့တော် တစ်ချို့မှာ 5G ကွန်ရက် ဖြန့်ကြက်ထားပြီဖြစ်ပြီး Sprint ကလည်း မေလ အတွင်း 5G ကွန်ရက်ကို စတင်မိတ်ဆက်နိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် Galaxy S10 5G ဖုန်းကို စတင်ရောင်းချမယ့် မိုဘိုင်းကွန်ရက် ကုမ္ပဏီကတော့ Verizon ပဲဖြစ်ပြီး Samsung အနေနဲ့ တစ်ခြား ကွန်ရက်ထောက်ပံ့သူတွေနဲ့ လက်တွဲဦးမလား ဆိုတာကတော့ သေချာမသိရသေးပါဘူး။

Galaxy S10 5G အကြောင်းပြန်ပြောရရင်တော့ Galaxy S10 5G ဟာ 5G မိုဒမ် နဲ့ TOF Lens ပါဝင်လာတာက လွဲလို့ တစ်ခြား Galaxy S10 Series နဲ့ အတူတူပါပဲ။ 6.7-inch ရှိ AMOLED မျက်နှာပြင်နဲ့ အတူ 19:9 မျက်နှာပြင်အချိုးအစား အထောက်အပံ့ပေးပါတယ်။ ကြီးမားလှတဲ့ 4,500mAh ဘက်ထရီကြီးကို တပ်ဆင်ပေးထားပါတယ်။ 5G မော်ဒယ်ကို RAM 8GB, Internal Storage 256GB ဗားရှင်းနဲ့ပဲ ဝယ်ယူလို့ရမှာပါ။

Ref: Gizmo China